Eyes closed - Part (2) (Zawgyi&Unicode)

6.3K 798 34
                                    

နှစ်ယောက်အတူ တကယ်ကို တစ်နေ့လုံး မနားစတမ်းလိုက်ရှာခဲ့ကြသည်။
အစ်ကိုနှင့်သူ သွားနေကျ မျက်မမြင်ကျောင်းလေး အစ်ကိုသဘောကျသည့် မြစ်ကမ်းနားဘက် အစ်ကို့ကို သူခေါ်သွားခဲ့ဖူးသော စားသောက်ဆိုင်
အချိန်ကုန်၍ နေရာသာ စုံသွားသည်။ အစ်ကို့အရိပ်ကလေးတောင် မမြင်ရခဲ့။ ဒီထက် အစ်ကိုသွားနိုင်လောက်သည့် နေရာကိုလည်း သူမစဉ်းစားတတ်တော့။

နဖူးထက် ချွေးတွေစီးကျနေသည်ကို လက်ကိုင်ပုဝါလေးနဲ့ သုတ်နေသော စီနီယာ့ကိုကြည့်ရင်း သူစိတ်မကောင်းဖြစ်ရသည်။
ဘာလို့များ သူဒီထိ ခေါ်လာခဲ့မိပါလိမ့်။ ပျော်ရွှင်မှုများ ခံစားရတိုင်း ဝမ်းနည်းတိုင်း ဘာလို့များ သူ့ကိုတိုင်တည်ပြောပြချင်ခဲ့မိပါလိမ့်။

နောက်ဆုံး ရှာမတွေ့နိုင်သည့်အဆုံးတွင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ရတော့သည်။
မိုးလည်း စုန်းစုန်းချုပ်ပြီး ခြေကုန်လက်ပန်းကျနေသော သူတို့နှစ်ယောက် အနီးအနားက တွေ့သည့် ပန်းခြံလေးထဲက ခုံတန်းလေးမှာ ဝင်ထိုင်ပြီး အမောဖြေကြသည်။

'တကယ်လို့ အစ်ကိုက သူ့ကိုယ်သူများ '

ခန္ဓာကိုယ် အနားရသွားသည်နှင့် မတွေးသင့်သော စိတ်ကူးများပါ ဝင်လာသည်။
ဘယ်လောက်ပဲ အတူရှိနေခဲ့ခဲ့ ဒီလို ထွက်သွားခဲ့ခြင်းသည် သူ ဘယ်လိုမှနားမလည်နိုင်သော အစ်ကို့လုပ်ရပ်ဖြစ်ခဲ့ခြင်းကြောင့် နောက်ထပ် သူနားလည်၍ မရနိုင်သော ဖြစ်နိုင်ခြေများကို ထည့်မတွက်၍ မရတော့။

မွန်းကြပ်လာပြီး မျက်နှာကိုလက်နဲ့အုပ်ပြီး ခေါင်းငုံ့ချလိုက်ချိန်တွင် သူ့ပခုံးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးလာသည်။

' တကယ်လို့ ... အစ်ကိုကလေ ... သူ ကိုယ့်ကိုကိုယ်များ '

' မင်း မဟုတ်တာတွေ မစဉ်းစားနဲ့လေ အဲ့လောက်ထိ မဖြစ်နိုင်ပါဘူး အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲမနေနဲ့ '

' ငါသိတဲ့ လူရှာပေးတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ် မင်းအစ်ကိုဓာတ်ပုံပဲပေးထား အသက်ရှင်နေရင် ဘယ်နေရာမှာ ရှိရှိ တွေ့အောင် ရှာပေးလိမ့်မယ် '

Heaven in your eyes (Completed)Where stories live. Discover now