( Zawgyi )
ဖြူလွှလွှ အခန်းကျယ်ထဲမှာ လှဲလျောင်းနေတဲ့ လူငယ်လေး တစ်ယောက်။
နဖူးနဲ့ ဦးခေါင်းနေရာမှာ ပတ်တီးဖြူစည်းထားတဲ့ သူရဲ့ ပုံသဏ္ဌာန်ကလည်း အခန်းရဲ့ အငွေ့အသက်နဲ့ အပြိုင် ဖြူလျော့ ညှိုးငယ်နေတယ်။" ကလေး "
အခန်းထဲကို ရောက်လာတဲ့
တစ်ယောက်သော သူ ။
ခြေသံတိုးတိုးက ဘယ်လောက်ပဲ နီးကပ်လာသည်ဖြစ်စေ ရိပေါ်
မျက်လုံးတွေကို မဖွင့်မိဘူး။အခုဆိုရင် အခြေအနေတွေက သူ့ဘဝမှာ တစ်ခါမှ မစဉ်းစားခဲ့ဖူးတဲ့ ဇောက်ထိုးမိုးမျှော်တွေ။
အချိန်အတော်ကြာ ငုပ်လျှိုးပျောက်ကွယ်နေတဲ့ သူ့မှတ်ဥာဏ်တွေကို နာနာကျင်ကျင်ပဲ ပြန်ရခဲ့တယ်။
သူသိပ်ချစ်ခဲ့ရတဲ့ သူ့အစ်ကိုက သူ့ကို တစ်လောကလုံး ဘယ်သူမှ ရှာမတွေ့နိုင်အောင် အကြံအစည်နဲ့ ပိတ်လှောင်ထားတယ်။
နွေးနွေးထွေးထွေးနဲ့ ထမင်းလက်စုံအတူတူ အခါပေါင်းများစွာ စားခဲ့ဖူးပေမဲ့ ခု သူ တစ်ခုခုလေး စားဖို့အရေး အခန်းထဲကို မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ဝင်လိုက် ထွက်လိုက်နဲ့ တောင်းပန်ခယနေရတယ်။
" အစ်ကို တောင်းပန်ပါတယ် ဒီလို ဆက်လုပ်နေရင် ကလေးပဲ ထိခိုက်ရလိမ့်မယ် "
" … "
" ကျွန်တော့်ကို ပြန်လွှတ်ပေးပါ "
" မဖြစ်နိုင်ဘူး "
စောစောကပဲ မျက်နှာငယ်နဲ့ တောင်းပန်တိုးလျိုးနေသော သူ ဘယ်ရောက်သွားပြီလည်း ?
မဖြစ်နိုင်ဘူးဆိုတဲ့ လေသံက ပြတ်သား အစွန်းရောက်လွန်းလှသည်။
ရိပေါ် အံကို တင်းတင်းကြိတ်မိသည်။ရက်အနည်းငယ် ဘာအစာမှ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသော အစာအိမ်ကြောင့် လူက အားမရှိသလို နုံးချိနေသည်။
ဒါပေမဲ့ သူတတ်နိုင်တာက
ဒီအချိန်မှာ သူ လွတ်မြောက်ဖို့ ကြိုးတစ်မျှင် လမ်းတစ်စက …" ကျွန်တော် ခင်ဗျားကို မချစ်ဘူး "
" ကလေး အစ်ကို့ကို ချစ်ပါတယ် "
YOU ARE READING
Heaven in your eyes (Completed)
RomanceBL / Fanfiction ခင်ဗျားက အဖြူနဲ့အမည်းလို တစ်ချိန်တည်းမှာပဲ သိပ်ကို ကွာခြားနေတတ်တယ်။ မင်းငါ့ကို ခွဲခြားနိုင်ချိန်တိုင်းမှာတော့ အဖြူရောင်လေးပဲ ဖြစ်ချင်တယ်။ တခြား ဘာအရောင်မှမလွှမ်းတဲ့ အဖြူရောင် တိမ်တိုက်တွေကို မင်းချစ်တယ်လို့ ပြောဖူးတယ်မလား။ ကိုယ်အရမ်...