He can't sleep alone. (Zawgyi&Unicode)

7K 851 26
                                    

စာသင်ခန်းထဲမှာ အေးအေးဆေးဆေး ထိုင်နေရပေမဲ့ သူ့ moodက မကောင်းပါ။ မနက်ကတည်းက တစိမ့်စိမ့် ရွာနေတဲ့ မိုးက သူ့ရဲ့မကြည်လင်သော စိတ်ကို ပိုဆိုးရွားစေသည်။
ဆရာမ၏ စာသင်သံက မကြားတစ်ချက် ကြားတစ်ချက်။

နေ့လည် ထမင်းစားချိန် ခေါင်းလောင်းထိုးပြီ။ သူတို့ထက် တစ်တန်းကြီးသူများ စာသင်ဆောင် ဘက်သို့ သူသွားကြည့်သည်။
သူမျှော်လင့်နေသော အရိပ်ကလေးကို နည်းနည်းမှ ရှာဖွေ၍ မရ။
ယောင်လို့တောင် တစ်ခါမှ ခြေဦးတောင်မလှည့်ဖူးသော နေရာမို့ ထိုအတန်းဆောင်ဘက်က လူများက သူ့ကို အံ့သြသလို စူးစမ်းနေကြသည်။

တစ်ယောက်ယောက်ကိုများ သိမလား မေးချင်ပေမယ့်လည်း မြင်မြင်သမျှ လူစိမ်းနှင့် သူ့ထက်အသက်ကြီးသူများချည်းပဲမို့ ခေါင်းကိုတောင် သေချာမမော့ရဲ။

မပြောမဆိုနဲ့ အတန်းခေါင်းဆောင်ဖြစ်ပြီး ဒီလိုအတန်းပျက်လို့ရလား ။ ဒါမှမဟုတ် နေမကောင်းတာမျိုး တစ်ခုခုကိစ္စရှိလို့များလား ။

' အော် မင်းက ! ဘာလာလုပ်တာလဲ ဒီကို
xiao zhan ကို လာရှာတာလား'

သူလက်လျှော့ပြီး လှည့်ထွက်မည် အပြု သူ့ပခုံးကို တရင်းတနှီးလှမ်းပုတ်သည့် လက်တစ်စုံ။

သူနဲ့ မရင်းနှီးပေမည့် ဒီမျက်နှာကို သူ မှတ်မိနေပါသည်။ စီနီယာ၏ ဘေးမှာအများဆုံးတွေ့ရခဲ့သော သူငယ်ချင်း။
ကလပ်ကိစ္စတုန်းကလည်း စီနီယာ့ဘေးမှာ ရှိနေခဲ့သည်။ စီနီယာကဲ့သို့ ဒီကျောင်း၏ နာမည်ကြီးကျော်ကြားသော သူဋ္ဌေးသားများထဲက တစ်ယောက်။

' ဟုတ်ကဲ့ '

'ဒီနေ့ ကျောင်းမလာဘူးလေကွာ ကောင်မလေးက ပူဆာလို့ထင်ပါတယ် အပြင်သွားကြတယ် သာယာနေတာပေါ့ '

သဘောကောင်းမည့်ပုံစံနဲ့ ထိုစီနီယာက လိုအပ်သည်ကော မလိုအပ်သည့် အကြောင်းအရာများကိုပါ ဖောဖောသီသီပြောသည်။

' ဟုတ်ကဲ့ သွားလိုက်ပါအုံးမယ် '

ခုထိ သူ့ပခုံးပေါ်က မဖြုတ်သေးသော လက်ကို သူဆွဲချလိုက်ရင်း တစ်ချက် အရိုအသေပေးကာ လှည့်ထွက်လာခဲ့သည်။

Heaven in your eyes (Completed)Where stories live. Discover now