Rewind

4.6K 541 19
                                    

A.N - အရမ်းကြာသွားတာ တောင်းပန်ပါတယ် personal caseတွေနဲ့ လုံးဝမအားလို့ပါ :(

(Zawgyi)

ထိုနေ့က စကားပြောခန်းလေးဟာ နှစ်ယောက်စလုံး နေရခက်စွာနဲ့ပဲ အဆုံးသတ်သွားခဲ့သည်။
ဆေးခန်းမသွားပဲ ရုတ်တရက်ပြန်လာခဲ့သည့် သူ့ကို မေးခွန်းများ မေးချင်သော်လည်း မမေးဖြစ်ခဲ့။

ရှောင်လို့မရတဲ့ တစ်အိမ်တည်းမှာ မျက်နှာချင်းဆိုင်လိုက်တိုင်း ရှိုးတိုးရှ့န်တန့်နဲ့ လည်ပင်းပွတ် ခေါင်းကုတ်လုပ်ရသည်မှာ အခါပေါင်းများစွာ။

သူ့ကို အရင်ကလောက် ပွတ်သီးပွတ်သပ် လာမလုပ်သည်မှာ ခပ်ကောင်းကောင်းဟု စဉ်းစားမိသော်လည်း အနည်းငယ်တော့ ဝေးကွာသွားသည်ဟု ခံစားရသည်။ နောက် သူ့ကို မသိမသာနဲ့ ရှောင်နေသလိုပဲ။

ရာသီဥတု သာယာလွန်းသော မနက်စောစော တစ်နေ့တွင် သူတို့ သုံးဦးသား ရွာနှင့် မနီးမဝေးမှာ ရှိသော တောင် တက်ဖို့ထွက်ခဲ့ကြသည်။
အားကစားလိုက်စားသော အဖေက အာရုဏ်တက် စောစောစီးစီးကတည်းက တက်ကြွနေသလို အဖေ့ကြောင့် မလုပ်ချင်လဲ လိုက်လုပ်ရသော သူနှင့် တောင်တက်ရမည်ဆိုကတည်းက မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ထိုလူကတော့ မြို့မှာ အတော်လေး အားကစားလိုက်စားခဲ့ပုံပင်။

ဆောင်းဦးရာသီ ဖြစ်ပေမယ့် တောင်တန်းများ ပေါများလှသော သူတို့ ဒေသတစ်ဝိုက်က မြူခိုးများ ဆိုင်း၍ မြင်လေသမျှက ရီဝေအုံ့မှိုင်းနေသည်။

ရိပေါ် နောက်က ဖြေးဖြေးနဲ့ မှန်မှန် စကားပြောရင်း တက်နေသော ထိုလူနဲ့ အဖေကို လှည့်ကြည့်သည်။

ဘာတွေပြောနေကြမှန်း မကြားရပေမယ့် အတန်ငယ်လေးနက်သော မျက်နှာထားများနှင့်။

သူလှည့်ကြည့်တာ သိတော့ မသိမသာလေး တိတ်ဆိတ်သွားကြသည်။

ကြွေကျနေသော သစ်ရွက်ခြောက် အချို့ရဲ့ နင်းလိုက်တိုင်း မြည်လာသော တဂျွတ်ဂျွတ်အသံများ ကြားနေရသည်။
တောင်အထက်သို့ နည်းနည်း အမြင့်ကို ပိုရောက်လာသည်နှင့် တိုက်ခတ်လာသော လေထုက ပိုပြီး အေးမြ လတ်ဆတ်လာသည်။

Heaven in your eyes (Completed)Where stories live. Discover now