Set me free

4.8K 532 24
                                    

(Zawgyi)

တစ်ချိန်က သူကြိုက်ဖူးခဲ့တယ်ဆိုတဲ့ အဖြူရောင်က ခုချိန်မှာ ခြောက်ကပ်ကပ်နဲ့ အသက်မဲ့စွာ နေရာအနှံ့ လွှမ်းမိုးထားတယ်။

ခန်းလုံးပြည့် အဖြူရောင်ကြမ်းခင်းတွေက မနင်းရက်စရာပဲ။
ကြွေရောင်ထနေတဲ့ ပရိဘောဂ ပစ္စည်းပစ္စယ အပြည့်အစုံနဲ့ လူတစ်ယောက်နှစ်ယောက်လောက် အပြင်ထွက်စရာမလိုပဲ အချိန်အကြာကြီး အေးအေးဆေးဆေးနေနိုင်ဖို့ကို သေချာ မွမ်းမံပြင်ဆင်ထားတဲ့ အတိုင်း ။

ဧည့်ခန်းအသေးစား အိပ်ခန်း ရေချိုးခန်းအပြင် နောက် မီးဖိုချောင်လို အသေးစားလေးကော။
ဒီလိုအခြေအနေမျိုးသာ မဟုတ်ရင် ဂရုတစိုက် ပြင်ဆင်ထားတာလေးကို ဂရုတစိုက်ကြည့်မိမှာ။

အချိန်တစ်ခုကြာရင် ဟိုလူ ပြန်လာမယ်ဆိုတာ သိနေတယ် ။ ဒါပေမဲ့ မနှစ်မြို့စရာ အတွေးက သူ ဒီထောင်ချောက်လို နေရာမျိုးမှာ ပိတ်မိနေတဲ့ ခံစားချက်။

သေချာပေါက် သူ မွန်းကြပ်တာပေါ့ ။
ဒီနေရာမှာ ပြတင်းပေါက်ဆိုတာ မရှိဘူး။
ပြင်ပလောကကြီးနဲ့ အဆက်အသွယ် တစိုးတစိမှ မရအောင် ဖန်တီးထားတာ။

တိတ်ဆိတ်ငြိမ်သက်ခြင်းက အပ်ကျသံတောင် ကြားနိုင်လောက်တဲ့အထိ ။
သူ့အသက်ရှူသံခပ်ပြင်းပြင်းကိုပဲ ကိုယ်တိုင် အကျယ်ကြီး ပြန်ကြားနေရတယ်။

သူက သိပ်စိတ်ရှည်တတ်တဲ့သူမျိုးတော့ မဟုတ်ခဲ့ဘူး ။ အတင်းအကြပ်တောင် ခေါ်စရာမလိုခဲ့ပဲ သူကိုယ်တိုင် ရူးရူးမိုက်မိုက် ဝင်လာခဲ့ပြီး မြင်နေရတဲ့ တစ်ခုတည်းသော တံခါးက စိတ်ကို ဆွပေးနေတယ်။
ထားတော့ …
ခုချိန်မှာ နောင်တရနေလို့ကော ဘာထူးမှာလည်း

" မင်းစိတ်က ယုံကြည်နေရင် ယုံလိုက် "

ခင်ဗျားပဲ ပြောတော့။
ခင်ဗျားလေ
ကိုယ့်ကိုတော့ ယုံကြည်ပေးပါ တခြား ဘယ်သူ့ကိုမှ မယုံရင်တောင်
ကိုယ်က အကြောင်းတစ်ခုခုကြောင့် လိမ်ညာခဲ့မိရင် ဒါက မင်းအတွက်ဆိုတာ ယုံကြည်ပေးပါ
ကျွန်တော် မျှော်လင့်ခဲ့တာ အဲ့လိုစကားတစ်ခွန်းလို့ ခင်ဗျားမတွေးခဲ့မိဘူးလား။

Heaven in your eyes (Completed)Where stories live. Discover now