ပြောထားတဲ့အတိုင်းပင် စီနီယာက နောက်တစ်နေ့ မနက်မှာ တကယ်ကြီးကို ရောက်ချလာခဲ့သည်။
အစ်ကိုကတော့ အိမ်ရှေ့က စီနီယာ့အသံကြားသည်နှင့် ဒေါသထွက်ကာ နှင်ထုတ်ဖို့ ပြင်နေသည် တကဲကဲကို သူတားရသေးသည်။
အပြောမတတ်တဲ့သူကို စိတ်ဆိုးနေလို့ကော ဘာထူးမှာလည်း အစ်ကို့ကိုပဲ သည်းခံဖို့ဖြောင်းဖျရသည်။သူ့ဘက်ကလည်း တမင် ကယ်တင်လို့၍ အတင်း ဓားကိုဝင်ခံသည်ထက် တားဆီးလိုစိတ်ဖြင့်သာ ရှေ့ကိုထွက်ခဲ့ပြီး ထိုကဲ့သို့ဖြစ်သွားမည်ဟု စီနီယာကော သူပါ ယုတ်စွအဆုံး စိတ်လိုက်မာန်ပါ ပြုခဲ့သော alex ဆိုသူပင် ထင်ထားခဲ့မည် မဟုတ်။
ငွေကြေးစကားပြောသည်မှာ စီနီယာ့အလွန်ဖြစ်သည်လည်း သူ့မိဘများခိုင်း၍ လုပ်ရမှန်းကိုတော့ သူ မမြင်ချင်တောင် မြင်နေရ၍ နည်းနည်းပါးပါး နားလည်ပေးနိုင်သည်။ လူချမ်းသာများ၏ ကျေးဇူးဆပ်နည်းထုံးစံကို သူ သဘောပေါက်သလို အစ်ကို့ကိုလည်း သိစေချင်သည်။
' သူက ကလေးကို တကယ်စာသင်ပေးဖို့ လာတာလား '
' ဟုတ်တယ် ထင်တာပဲ ကျောပိုးအိတ်နဲ့ဆိုတော့'
' အစ်ကို သူ့အသံကိုလုံးဝမကြားချင်ဘူး သူနဲ့ပတ်သတ်တာ လုံးဝကောင်းကျိုးရှိမယ် မထင်ဘူး ကလေးပဲနစ်နာရလိမ့်မယ်'
အဲ့လိုလည်း မဟုတ်ပါဘူး အစ်ကိုရယ် အခန်းထဲမှာ နားနေနော် ကျွန်တော် နည်းနည်းပြောပြပြီး ပြန်လွှတ်လိုက်ပါ့မယ် '
' အင်း '
သူတို့ညီအစ်ကိုနှစ်ယောက်လောက်သာ ဆန့်သော ဧည့်ခန်းဟုဆိုနိုင်သည့် နေရာလေးမှာ အမိန့်သား ထိုင်နေသော လူကို သူစိတ်မောလူမော ကြည့်လိုက်သည်။
' ဆေးသောက်ပြီးပြီလား '
'… '
သူ ဘာမှပြန်မပြောမိပေမဲ့ စီနီယာက ခေါင်းတဆတ်ဆတ်ငြိတ်ကာ အိတ်ထဲက စာအုပ်များကို တစ်အုပ်ပြီး တစ်အုပ် ဆွဲထုတ်တော့သည်။
' ဒါ မင်းတို့အခန်းထဲ စာအတော်ဆုံး ကောင်မလေးဆီက notes တွေ စာမေးပွဲက နီးနေပြီနော် ကဲ ဘယ်နားမှာ စာသင်ရမှာလဲ '
YOU ARE READING
Heaven in your eyes (Completed)
RomanceBL / Fanfiction ခင်ဗျားက အဖြူနဲ့အမည်းလို တစ်ချိန်တည်းမှာပဲ သိပ်ကို ကွာခြားနေတတ်တယ်။ မင်းငါ့ကို ခွဲခြားနိုင်ချိန်တိုင်းမှာတော့ အဖြူရောင်လေးပဲ ဖြစ်ချင်တယ်။ တခြား ဘာအရောင်မှမလွှမ်းတဲ့ အဖြူရောင် တိမ်တိုက်တွေကို မင်းချစ်တယ်လို့ ပြောဖူးတယ်မလား။ ကိုယ်အရမ်...