the playboy (Zawgyi&Unicode)

6.4K 770 44
                                    

Zawgyi

ရိပေါ် သူ့ရှေ့မှာ အိပ်ပျော်နေတဲ့လူသားလေးကို မျက်တောင်မခတ်စတမ်း ထိုင်ကြည့်နေမိတယ်။

သူ့ရဲ့ တိမ်တိုက်လေးက အေးအေးချမ်းချမ်း အိပ်ပျော်နေလိုက်တာ။
ရင်ထဲမှာလည်း ဝမ်းသာဝမ်းနည်းနဲ့။

နှစ်ယောက်သား တကယ့်ကိုနှစ်နှစ်ကာကာ နမ်းနေခဲ့တာ နည်းနည်းလေးအချိန်ကြာလာတော့ အသက်ရှူဖို့လေလဲ လိုတာမို့ လူချင်းခွာလိုက်တာနဲ့ ပျော့ဖတ်နေတဲ့ ခန္ဓာကိုယ်က ခွေကျသွားပြီး အိပ်မောကျသွားတော့တာ

သူကုန်းထပ်ပိုးပြီး အခန်းထဲထိ ရောက်အောင်လာရင်း သူ့အိပ်ရာပေါ် ချပေးလိုက်တဲ့ထိ တစ်ချက်မလှုပ်ဘူး။
ခုဆို ဟောက်သံမျဉ်းမျဉ်းလေးတောင် ကြားနေရတယ်။

ကျန့်ကော ပုံမှန်မဟုတ်ပဲ မူးနေတုန်း လုပ်တဲ့အပြုအမူတွေမို့ သူမဝံ့မရဲဖြစ်နေခဲ့ပေမယ့် မျက်ဝန်းထဲက ကြင်နာမှုတစ်စုံတစ်ရာကြောင့် သူမျက်စိစုံမှိတ်လိုက်ပြီး ရှေ့ဆက်တိုးခဲ့တာ။

တကယ်လို့ နိုးလာချိန်မှာ ဘာဆိုဘာမှ မမှတ်မိတော့ဘူးဆိုရင်ကော။
အတွေးနဲ့တင် သူ့စိတ်က ချောက်ကမ်းပါးထိပ်က ပြုတ်ကျသွားသလို လစ်ဟာပြီး ဆောက်တည်ရာမရ ဖြစ်နေပြီ။

ပထမဆုံးအချစ်မို့ ရူးတယ်လို့ ပြောချင်ပြောကြပစေ သူ့ရဲ့စွဲလမ်းမှုက တစ်စထက် တစ်စ တောက်လောင်လာတဲ့ မီးစလို အရှိန်ပဲတက်လာတာ ရပ်တန့်ဖို့မလွယ်ကူဘူး။

လက်ဖျားလေးကို ဆုပ်ထားမိရင်း စောင်ကို ဆွဲခြုံပေးလိုက်တယ်။

တူတူလှဲလျောင်းချင်ပေမယ့်လည်း သူ့တစ်ယောက်အိပ် ကုတင်ကျဉ်းကျဉ်းလေးကြောင့် ကျန့်ကောအနေရခက်နေမှာမို့ သူအိပ်ရာခင်းကို ကြမ်းပြင်ပေါ်မှာပဲ ခင်းလိုက်တယ်။

အချိန်ကိုကြည့်လိုက်တော့ 3 နာရီ ဆယ်မိနစ်။
အိပ်ချင်စိတ်နဲ့ မျက်စိတွေကျိန်းစပ်နေပေမဲ့ အိပ်လိုက်ရင် မိုးလင်းသွားမှာကို သူကြောက်တယ်။

သူစိမ်းဆန်ဆန် မျက်လုံးတွေနဲ့ ဘာမှသတိမရတော့တဲ့အကြောင်း ပြောလာမှာ သူစိုးရိမ်တယ်။

Heaven in your eyes (Completed)Where stories live. Discover now