(Zawgyi )အခန်းကျယ်ကြီးထဲမှာ နာရီသံ
တချောက်ချောက်။တရွေ့ရွေ့ကုန်လွန်သွားတဲ့ အချိန်တွေက သူရဲ့စိတ်ရှည်မှုကို ဖြေးဖြေးချင်းစီ တိုက်စားခြွေချနေတယ်။
အတွင်းရေးမှူးမလေးက အခန်းထဲက ပြန်ထွက်လာတာနဲ့ သူ ဘယ်လိုမှ ဟန်မဆောင်နိုင်ပဲ ဆိုဖာပေါ်က ထရပ်မိခဲ့ချိန်။
အနည်းငယ်သော အားတုံ့အားနာ အပြုံးနဲ့ ပြောဖို့ပြင်တဲ့ ပါးစပ်ကြောင့်ပဲ သူ ထပ်ပြီး အခြေအနေမှန်ကို လက်ခံလိုက်ရပြန်တယ်။
့ကြာလွန်လာတဲ့အချိန်နဲ့ အမျှ အားလျော့နေတဲ့ သူ့ခန္ဓာကိုယ်ဟာလည်း စိတ်ကိုပြန်တင်းထားရင်း ဟန်မပျက်ထိုင်ချရင်းနဲ့။မျက်နှာချင်းဆိုင် မှန်တံခါးပေါ်က မြင်နေရတဲ့ သူ့ကိုယ်သူလည်း အကြိမ်ဘယ်နှစ်ခါမြောက်မှန်း မသိ ကြည့်မိလေရဲ့။
တက်စီပေါ်က ဆင်းတာနဲ့ လက်ထဲမှာပါလာသေးတဲ့ ငွေအချို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အကျီဆိုင်ထဲ အပြေးဝင်ခဲ့တာ။
သူ့ကိုယ်သူ ဂရုမစိုက်ရင်တောင် သူသွားတွေ့မဲ့သူရဲ့ အဆင့်အတန်းနဲ့ ဖြစ်တည်မှုကိုတော့ဖြင့် လေးစားသင့်တယ်မို့လား။
အထူးသဖြင့် ဒီလူက သူချစ်တဲ့လူ တစ်ယောက် ဖြစ်နေရင် ပိုပိုပြီးတော့။ညှိုးနွမ်းပြီး ညှင်းသိုးသိုးဖြစ်နေတဲ့ ပုံစံကို အများသုံး သန့်စင်ခန်းထဲမှာ အလွယ်ဝယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်ပြင်ဆင်ရတယ်။
အကြာကြီး တိုက်ပိတ်ခံထားရသလို မျက်လုံးတွေက အဖြူရောင်မဟုတ်တဲ့ အလင်းရောင်နဲ့ ထိတွေ့တိုင်း စူးရှမှုဒဏ်ကို မခံစားနိုင်သေးဘူး။မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံစံဟာ အရင်က ရှောင်းကျန့်ကို ချစ်ခဲ့တဲ့ သာမန် အထက်တန်း ကျောင်းသားလေးတစ်ယောက်နဲ့ တူသေးရဲ့လား။
ဒါမှမဟုတ် ရှောင်းကျန့်က ချစ်ခဲ့တဲ့ …
ခေါင်းမာပြီး တိတ်ဆိတ်တဲ့ မျက်လုံးက တစ်ဆင့် ခံစားချက်တွေကို မြင်နိုင်တဲ့ ကောင်လေးကော ဟုတ်သေးရဲ့လား။ပြန်မရနိုင်တော့တဲ့ အချိန်တွေနဲ့ လိုက်မမှီနိုင်တဲ့ ဘဝရဲ့ ပြောင်းလဲခြင်းတွေများစွာမှာ မပြောင်းလဲသေးတာ တစ်ယောက်တည်း အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေ။
YOU ARE READING
Heaven in your eyes (Completed)
RomanceBL / Fanfiction ခင်ဗျားက အဖြူနဲ့အမည်းလို တစ်ချိန်တည်းမှာပဲ သိပ်ကို ကွာခြားနေတတ်တယ်။ မင်းငါ့ကို ခွဲခြားနိုင်ချိန်တိုင်းမှာတော့ အဖြူရောင်လေးပဲ ဖြစ်ချင်တယ်။ တခြား ဘာအရောင်မှမလွှမ်းတဲ့ အဖြူရောင် တိမ်တိုက်တွေကို မင်းချစ်တယ်လို့ ပြောဖူးတယ်မလား။ ကိုယ်အရမ်...