The End

6.3K 300 63
                                    

[[ Zawgyi]]

တကယ်တမ်းတော့ ကိုကို့ရဲ့အသားက သိပ်မဖြူဘူး။
ဆန့်ကျင်ဘက် ဖြူဆွတ်နေသည့် သူ့ကို အားကျသယောင် အမြဲနောက်ပြောင်ခဲ့ပေမယ့် သူကတော့ ထူးထူးခြားခြား ထိုအသားအရောင်လေးကို ဘယ်တော့မှ ထုတ်မပြောမိခဲ့ပေမဲ့ သိပ်သဘောကျရပါသည်။

အရင်က ရင်းနှီးခဲ့တဲ့ စီနီယာဆိုတဲ့ ခပ်မြောက်မြောက် ကောင်လေးပုံစံ ဆိုသည်မှာလည်း တစ်ခြားစီ။
လည်ထောင်ဆွယ်တာ အပေါ်မှာ ကုတ်အကျီ ထပ်ဝတ်ထားသော သူက ကြီးမားတဲ့ တာဝန်များစွာကို ယူထားရသော သူပီပီ အနည်းငယ် တင်းမာခိုင်ခံ့နေပုံပေါ်သည်။

လူတစ်ယောက်ဟာ အချိန်အနည်းငယ်အတွင်းမှာ ဘယ်လောက်ထိ ရင့်ကျက်သွားနိုင်ပါသလည်း။

ဝိတ်လဲနည်းနည်းကျသွားပုံပေါ်သည်။ ကျန်းမာရေးကော အဆင်ပြေရဲ့လား
အပြုံးနည်းပြီး အတွေးများလာသောသူသည် ညစဉ်ညတိုင်း ကောင်းကောင်းမှ အိပ်ပျော်ပါရဲ့လား။

အနည်းငယ်လှန်တင်ထားသော ဆံပင်နှင့် ပြေပြစ်သော နဖူးပေါ်သို့ ပြန်ကျနေသော အညိုရောင် ဆံပင်များ။
ပို၍ ပေါ်လွင်လာသော မေးရိုးနှင့် မျက်နှာကျ ပါးလွှာ၍ အနည်းငယ်ရဲနေသော နှုတ်ခမ်းများ။

ဒီနှုတ်ခမ်းကို ဒီပါးရိုးပြေပြေကို သူဘယ်လောက်ထိ လွမ်းဆွတ်ခဲ့ရသည်လည်း။

အစိတ်အပိုင်း တစ်ခုချင်းစီကို စက္ကန့်ပိုင်းအတွင်း သူဓာတ်ပုံရိုက်ထားသလို အလျင်အမြန်ကြည့်မိသည်။

နောက်ဆုံး သူ ရင်မဆိုင်ရဲဆုံးသော တစ်စုံတစ်ရာ။

ထိုမျက်လုံးများ။

အမြဲတစ်စေ ကြည်လင်ပေမဲ့ ညှိုးရိပ်သန်းနေသော ထိုမျက်လုံးများ။

ကြည့်လိုက်တိုင်း ပျော်ရွှင်နေသလိုနဲ့ တကယ်တော့ တစ်ခုခုကို ဖုံးကွယ်ထားသော ထိုအရိပ်အယောင်များ။

မမြင်စေချင်သည်ကိုမှ ကြည့်နိုင်ခဲ့သော သူ။

အချိန်တွေကို ထာဝရ ရပ်တန့်စေချင်ခဲ့ပေမယ့်
သူ့ရဲ့ ဆန္ဒမပြည့်မြောက်ခဲ့။

မျက်စိရှေ့မှ သူသည် သူ့လိုပဲ မျက်တောင်မခတ် ငြိမ်သက်နေခဲ့ရာမှ တစ်စုံတစ်ရာကို ပြောလိုသည့်နှယ် အနည်းငယ် လှုပ်ရှားလာခဲ့သည်။

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Oct 16, 2020 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

Heaven in your eyes (Completed)Unde poveștirile trăiesc. Descoperă acum