Uncontrollably

6.3K 720 33
                                    

Zawgyi

သူတို့ ဆေးခန်းကို ရောက်သွားတဲ့အချိန်မှာ ဒဏ်ရာကလည်း တော်တော်နာနေခဲ့ပြီ။

သွေးတွေက ရှောင်းကျန့်ရဲ့ အပြာနုရောင် အကျီဖွေးဖွေးပေါ်မှာ မြင်မကောင်းအောင် နီရဲနေတယ်။

သိပ်မညည်းညူတတ်တဲ့ သူ့ဗီဇကြောင့် မျက်ခုံးတွေ နည်းနည်းတွန့်သွားတာက လွဲရင် အမူအရာမပျက်ပါပဲ။

ဒါပေမဲ့ ကားမောင်းရင်းနဲ့ ဘေးက သူ့ကို အရိပ်တကြည့်ကြည့် ကြည့်ရင်း အရမ်းနာနေလား ရောက်တော့မယ် ခဏလေးနော် နဲ့ တဖွဖွပြောနေတဲ့သူကြောင့် သူ့ကိုယ်သူ မီးဖွားခါနီး ကိုယ်ဝန်သည်လိုတောင် ခံစားနေရတယ်။

ဖန်ကွဲစကို ဆွဲထုတ်မယ်လို့ ဆရာဝန်ကပြောတော့လည်း ထိတ်လန့်သွားတဲ့ သူ့မျက်လုံးတွေ။

လူနာက တည်ငြိမ်နေသလောက် ဘေးက သူတစ်ခုခုပြောလိုက်တာနဲံ့ မျက်လုံးမျက်ဆန်ပြူးပြီး သွေးတက်နေတဲ့ လူငယ်လေးကို ဆရာဝန်ကြည့်ပြီး ရယ်ချင်လာပြီ။

' စိတ်ချပါ မင်းသူငယ်ချင်း ဘာမှမဖြစ်ပါဘူး '

ဆရာဝန်ရဲ့ အားပေးစကားကို မကြားလိုက်သလို သူ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း အားပေးလာတဲ့ သူကြောင့် တစ်ကိုယ်လုံးက ရှိသမျှ အားအင်တွေ စုစည်းမိလိုက်သလိုပဲ။

' အရမ်းနာရင် ငါ့လက်ကို ကိုင်ထား '

သူ့အတွက် စိုးရိမ်ခြင်းတွေ အတိပြီးတဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်နေမိတယ်။

ဒီမျက်ဝန်းတွေဟာ ငြိမ်းအေးစေတယ်။
ကြည့်လိုက်တိုင်း စိတ်တည်ငြိမ်ရတယ်။

ဒီမျက်ဝန်းတွေကြောင့်ပဲ ပျော်ရွှင်ရသလို ဒီမျက်ဝန်းတွေကြောင့်ပဲ ငိုချင်ရတယ်။

ဒီထဲမှာပဲ သူပိတ်မိနေပြီး တစ်ချိန်တည်းမှာပဲ သူလွတ်မြောက်နေတယ်။

အသားထဲက ဖန်ချွန်စထွက်သွားတာနဲ့ နာကျင်မှုကြောင့် သူအံကိုကြိတ်ထားမိတယ်။

မျက်ရည်တွေဝဲလာပေမယ့်လည်း သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေတဲ့ တစ်ယောက်ကြောင့် မျက်ရည်မကျအောင် ထိန်းထားတယ်။

Heaven in your eyes (Completed)Where stories live. Discover now