Long night day dreams -1

5.9K 717 62
                                    


A.N - မေ့နေရင် ပြန်နွှေးကြပါအုံး :(

Zawgyi version

ပုံမှန်အတိုင်း တိမ်အသင့်အတင့်နဲ့ သာယာတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။

အဲ့ဒီနေ့က အထူးတလည် မိုးရိပ်အုံ့ဆိုင်းပြီး တိမ်မည်းတွေနဲ့ မဖုံးနေခဲ့သလို အေးစက်တဲ့ မိုးရေတွေလည်း ကျမလာခဲ့ဘူး။

ရိပေါ် နောက်ဆုံးဘာသာကို ဖြေပြီးတဲ့ အချိန်မှာ စိတ်အတော်ပေါ့ပါးသွားခဲ့ပြီ။
အကုန်လုံးဖြေနိုင်တယ်လို့လည်း မဟုတ်ပေမဲ့ သူ့အခြေအနေနဲ့ကတော့ ဒါ တော်တော်ဖြေနိုင်တယ်လို့ပဲ ပြောရမှာပေါ့။

စာမေးပွဲခန်းထဲက ခပ်မြန်မြန်ထွက်ပြီးတာနဲ့ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဖို့ ပြင်လိုက်တယ်။

ဒီစာမေးပွဲကာလအတွင်း သူ ရှောင်းကျန့်ကို သေချာမတွေ့ရတာ ဘယ်နှစ်ရက်တောင် ကြာသွားပြီလည်း ...

သူ့မျက်နှာပေါ် အပြုံးတစ်ခုရောက်လာတယ်။

မနေ့ကပဲ ရှောင်းကျန့်တို့ စာမေးပွဲဖြေပြီးသွားတာ။

အရင်နေ့တွေက သူ ဘာသာတိုင်းကို ခပ်သွက်သွက်ဖြေပြီးတာနဲ့ ခြေဦးလှည့်ပြီး သူများစာမေးပွဲခန်းကို သွားချောင်းခဲ့တာလေ။

အခန်းအလယ်ခေါင်နားမှာ အေးဆေးတည်ငြိမ်တဲ့ပုံစံနဲ့ အာရုံစိုက်ပြီး ဖြေနေတဲ့ ယုန်ကလေး။
မသိမသာ အခန်းဘေးက ဖြတ်လျှောက်သလိုလိုနဲ့ နှစ်ခါလောက် ဝအောင် ချောင်းကြည့်ပြီးမှ သူ အိမ်ပြန်နိုင်တယ်။

ဒီနေ့တော့ နောက်ဆုံးစာမေးပွဲပြီးသွားတဲ့နေ့မို့ သူတို့အခန်းနားမှာ ကျောင်းသားတွေ ဆူညံပွက်လောရိုက်နေသလောက် အတန်းကြီးတွေရဲ့ အဆောင်ကတော့ ဘယ်သူမှ မရှိပဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်။

သူတို့အတန်းတွေကတော့ ငြီးငွေ့စရာ နောက်ဆုံးစာမေးပွဲကြီး ပြီးဆုံးသွားပြီမို့ ပျော်ရွှင်လွတ်လပ်တဲ့ အငွေ့အသက်တွေနဲ့ အကုန်လုံးက တက်ကြွနေကြတယ် လာမဲ့ကျောင်းပိတ်ရက်ကို မျှော်တွေးရင်ခုန်ရင်းနဲ့ ။

သူ့ဘဝမှာ တခြား လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ရူးလောက်အောင် သဘောကျခဲ့မိမယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး။

Heaven in your eyes (Completed)Where stories live. Discover now