a whole new world

5.3K 613 76
                                    


(Zawgyi)

" သားငယ် ပြန်လာပြီလား ? "

" ဟုတ်ကဲ့ "

" ငါ့သားငယ် မျက်နှာမကောင်းပါလား ဘာတွေအလိုမကျဖြစ်လာတာလည်း ? "

စိုက်ခင်းအတွက် ယူသွားတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ချပြီးတာနဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ အိမ်ခန်းထဲကို တန်းဝင်သွားတဲ့ ကောင်လေးကြောင့် ကျန်းအဖိုးကြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားတယ်။

အဲ့ကလေးလေး တစ်စုံတစ်ခုကို အလိုမကျပြီဆို အဲ့အတိုင်းပဲ ဂျစ်တိဂျစ်ကန်နဲ့ ပြောလဲ မပြောပြတတ်ဘူး။

" မင်းညီ ဘာဖြစ်လာတာလည်း ? "

အိမ်ဝမှာပဲ ထိုင်ကာ အမောဖြေပြီး ချွေးသုတ်နေတဲ့ သားကြီးကို အားမနာနိုင်ပဲ သိချင်ဇောနဲ့ မေးရတယ်။

' အဖေ့သားက ဘာဖြစ်မှန်းကို မသိပါဘူး ဒီနေ့ စိုက်ခင်းကို ရွာထဲက ကောင်မလေးတွေ လာဝယ်ကြတာပဲ ကျွန်တော် သူတို့နဲ့ စကားပြောနေတုန်း သူ့ဟာသူ ဘာမှန်းမသိ ကောက်သွားတာ နေပူထဲကို ဦးထုပ်ပါ မဆောင်းပဲ ပြန်မယ်လုပ်နေလို့ မနည်း ချော့ထားရတယ် '

" သူ့အစ်ကိုကို သဝန်တိုနေတယ် ထင်ပါရဲ့ ဟားဟား "

သူဟန်မဆောင်နိုင်စွာ အော်ရယ်မိတော့ သားကြီး က မျက်နှာတွေရဲတက်လာပြီး ခေါင်းငုံ့ချသွားသည်။

" သားကြီးလည်း နားလိုက်အုံး … ပြီးမှ စိတ်ကောက်နေတဲ့ ကောင်လေးကို တူတူချော့ကြမယ် ဟုတ်ပြီလား "

" ဟုတ်ကဲ့ အဖေကော ဆေးသောက်ပြီးပြီလား "

" ပြီးပြီ သားငယ်လေးရေ အပြင်ပြန်မထွက်တော့ဘူးလား "

အတွင်းခန်းဘက်ကို အသံပြုမိတော့
တိတ်ဆိတ်နေတဲ့ တုံ့ပြန်မှုကြောင့် နှစ်ယောက်သား ထပ်ပြီး ပြုံးမိကြရဲ့။

အထီးကျန်လှတဲ့ ကျန်းအဖိုးကြီးဆီမှာ ဒီလို ပျော်ရွှင်မှုလေးတွေ ရောက်လာတာ ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာပဲ။

… … … … … … … … … … … … … … …  … …

" ရိပေါ် ဘာတွေစိတ်ဆိုးနေတာလည်း?"

Heaven in your eyes (Completed)Where stories live. Discover now