Thank you. (Zawgyi&Unicode)

9.6K 1.1K 27
                                    

မြင်မြင်ရာ လောကကြီး တစ်ခွင်လုံးက အဖြူရောင်တွေနဲ့ ဖုံးလွှမ်းနေတယ်။

သူ့စိတ်ထဲမှာ ကြည်နူးမှုတွေ အတိပြီးလို့။
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြန်ရင်လည်း ဖြူစင်တဲ့တိမ်တိုက်တွေက အလိုက်သင့်လေး ရွေ့လျားနေတယ်။

သူ မျက်တောင်မခတ်ငေးမောကြည့်မိနေတုန်း
ဟိုးအဝေးက ခေါ်သံတစ်ခု။
သဲသဲကွဲကွဲမကြားရပေမယ့် သူ့ကိုခေါ်နေတာလို့ သူထင်မိတယ်။

ခေါ်သံက အရမ်းကို ပူဆွေးပြီးး ဝမ်းနည်းဖို့ကောင်းလွန်းလို့ သူချက်ချင်း ပြေးသွားပြီး နှစ်သိမ့်ပေးချင်တဲ့အထိပဲ။

သူရုတ်တရက် ရွေ့လျားဖို့ ပြင်လိုက်စဉ် အမြင့်ကြီးက ရုတ်တရက်ပြုတ်ကျသလို အေးခနဲ ခံစားလိုက်ရတယ်။
မျက်လုံးတွေ ဖွင့်လိုက်စဉ်မှာ

' သတိရလာပြီလား '

သူ ပထမဆုံးမြင်လိုက်ရတာ သူနာပြုဆရာမမှန်း ဘယ်လိုကြည့်ကြည့်သိသာနေတဲ့ မိန်းမတစ်ယောက်။

မြင်ကွင်းက မကြည်လင်သေးပေမယ့် သူနည်းနည်း အားစိုက်ကြည့်လိုက်တော့ သူ့မြင်ကွင်းတည့်တည့် က လင်းနေတဲ့ အခန်းနဲ့ မျက်နှာကြက်အဖြူ သူက ပက်လက်ကြီး လှဲနေတာ သူ့ခန္ဓာကိုယ်မှာ ပိုက်တွေ အပ်တွေ တန်းလန်းနဲ့။ ဒါဆို သူ ဆေးရုံမှာပေါ့။

အရင်ဦးဆုံး သတိရလိုက်တာ အစ်ကို!

' အစ်ကို့ဆီကို သွားရမယ် '
' ဟင် မောင်လေး ထဖို့မပြင်နဲ့လေ ခွဲထားတဲ့ဒဏ်ရာက နည်းတာမဟုတ်ဘူး လှုပ်ရှားလို့ မရသေးဘူးနော် အစ်မ doctor ကို သွားခေါ်လိုက်မယ် '

သူကုန်းရုန်းထဖို့ ကြိုးစားပေမယ့်လည်း ဘယ်လိုမှ ကြွမလာတဲ့ နုံးချိပျော့ဖတ်နေတဲ့ ခန္ဓာကိုယ်ရယ် ဆစ်ခနဲ နာကျင်သွားတဲ့ ဗိုက်နေရာက ဒုက္ခပေးနေတယ်။

အစ်ကို သူဒီိလိုတစ်ညလုံး ပြန်မလာတာကို ဘယ်လောက်တောင် စိတ်ပူနေမလဲ စိတ်ပူပြီး ဘာတွေ လျှောက်လုပ်နေပီလဲ ဖုန်းတွေကော ဘယ်လောက်တောင် ဆက်ထားပြီလည်း ?

ဖုန်းဆိုမှ သူ သတိရပြီး လှဲရင်းနှင့်ပင် ခုတင်ဘေးက စားပွဲမှာ ရှိလောက်သည် အထင်နဲ့ လက်ကို အသာစမ်းလိုက်သည်။

Heaven in your eyes (Completed)Where stories live. Discover now