all u have to do was listen (Zawgyi&Unicode)

10.4K 1K 13
                                    

ဒီနေ့ သူအချိန်ပိုင်းအလုပ်သစ် တစ်ခုစတဲ့နေ့။

ကျောင်းမှာ သူ့ထက် တစ်တန်းကြီးတဲ့ သူတို့လို အချိန်ပိုင်းလုပ်နေကျ သဘောကောင်းသော စီနီယာကပဲ ဒီအလုပ်ကို သူ့ကိုပြောပြခဲ့သည်။
အလုပ်အကြောင်း စပြီးကြားခဲ့တုန်းက သူ အတော်လေးကို ချီတုံချတုံဖြစ်ခဲ့သေးသည်။
နေရာက တကယ့်လူကုံထံ VVIPတွေပဲ လာတဲ့ club တစ်ခု။ မကောင်းတာမှန်သမျှကို အပေါ်ယံ ရွှေမှုန်ကြဲပြီး ထင်သလို ပျော်ပါးသုံးစွဲနိုင်တဲ့နေရာ။

အစ်ကို သိရင် လုံးဝသဘောကျမှာမဟုတ်သလို အသည်းအသန်တားဆီး တကယ်လို့ တား၍ မရရင်လည်း ဘယ်လောက်တောင် စိတ်ဆင်းရဲသွားမည်လည်း သူတွေးပင်မတွေးဝံ့။

ဒါပေမဲ့လည်း
ညနေလေး အချိန်ပိုင်းစားပွဲထိုးခတင် သူလုပ်နေကျ တခြား ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်ထက် နှစ်ဆဖြစ်နေတော့။

သူ ပိုက်ဆံပိုရှာချင်တယ် ။ အစ်ကို့ရဲ့ မျက်လုံးကို သမားတော်ကြီးတွေနဲ့ သေချာပြန်ကုသကြည့်ချင်တယ်။ မေ့ထားတဲ့ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ကတော့ အလှမ်းဝေးနေပါသေးတယ်။

' စီနီယာ ကျွန်တော် ရောက်ပြီ '

' အင်း yibo ဒီမှာ မင်းလဲဖို့ ဝတ်စုံ ပြီးရင် ငါ့နောက် လိုက်ခဲ့'

ညဦးပိုင်းပဲ ရှိသေးတယ် ကလပ်ကတော့ မီးရောင်စုံအောက်မှာ လက်လက်ထနေတဲ့ လူတွေနဲ့ အသက်ဝင်လှုပ်ရှားနေပြီ။
သူကိုယ်တိုင်ကလည်း ဒီလိုဆူညံတဲ့ ပတ်ဝန်းကျင်မျိုးကို မနှစ်သက်ပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။
ဟင်းပွဲတွေနဲ့ အရက်ပုလင်းတွေကို ခုတည်းက ရေချိန်ကိုက်ပြီး ယိမ်းယိုင်နေတဲ့ လူတစ်ချို့နဲ့ မထိအောင် အသည်းအသန် စားပွဲထိ အရောက် ပို့ဖို့ လုံးပမ်းနေရလေရဲ့။

မန်နေဂျာကတော့ ပြောလေရဲ့ အရက်တစ်ပုလင်း တန်ဖိုးက မင်းတစ်ဘဝစာလောက် ဈေးကြီးတယ်တဲ့ မျက်လုံးထဲမှာကိုက အဲ့စကားနဲ့ တစ်ထပ်တည်း ကျနေတဲ့ အရိပ်အယောင်မို့ သူစိတ်ထဲကပဲ ပြုံးလိုက်မိတယ်။
ဘဝကို အရက်ပုလင်းလောက်နဲ့ နှိုင်းယှဉ်ဖို့ပဲ အသိဥာဏ်ပါလာတဲ့ လူတွေကို သူ စိတ်ထဲမထားတော့ဘူး။

Heaven in your eyes (Completed)Where stories live. Discover now