""""""""""""""
December 29 2018
အေးစက်နေပြီဖြစ်သော
ကော်ဖီခွက်တို့ကို ကိုယ်စီစိုက်ကြည့်နေ
ကြရင်း ဘာစကားကစပြောရမည်ဆိုတာ
မသိ....
သူ့ရှေ့က ကလေးမလေးကိုကြည့်မိရင်း
မတွေ့ရတာကြာပြီဖြစ်သော
ညီမငယ်လေးကို သွားသတိရသည်
အဲ့ကလေးမ ကျောင်းပြီးလောက်ပြီပေါ့
"ဒါလေး Phi Napang ကိုပေးပေးပါ
Khun "
ဖိုင်အကြည်လေးထဲက ပစ္စည်းတို့ဆီ
စူးစမ်းမိသည်
သွေးတွေဆောင့်ခုန်တက်လောက်သည့်
အရာတစ်ချို့
သူ့ရဲ့လက်အောက်ကသန့်ရှင်းရေး
ဝန်ထမ်းငယ်လေးထံမှ မကြာခဏ
မြင်တွေ့ဖူးရုံမက
ကိုယ်တိုင်လက်ဖြင့်ကိုင်၍စူးစမ်းခဲ့ဖူး
သည့် အဖြူအမည်းဓာတ်ပုံလေး
တစ်ပုံ
ပြီးတော့ ဆေးစစ်ချက်စာရွက်လေး
တစ်ရွက်
ဒါက......
"သူတာဝန်ယူစရာ မလိုပါဘူး လို့ပြောပေး
ပါ Khun ဖြစ်သမျှတွေကလည်း
ညီမကပဲစခဲ့တာပါ ဟိုတနေ့ညက
Khun ကိုခေါ်တာလဲ ညီမပါ Phi
မသိအောင် ညီမနဲ့သူငယ်ချင်းနဲ့
တိုင်ပင်ပြီးလုပ်ခဲ့တာပါ ပြီးတော့
ဒီကလေးကိုညီမရအောင်မွေးမှာပါ
ဒီစကားတွေKhun ကိုလာပြောရတာက
ဘာသဘောနဲ့မှမဟုတ်ပါဘူး
Phi က ညီမကိုမတွေ့အောင်ရှောင်နေတာမို့ပါ
ဒါဆို....သွားခွင့်ပြုပါဦး.."
သူမ ပြောချင်တာတွေပြောကာ
ထထွက်သွားဖို့ပြင်သည်
"ခဏ...."
ဆိုတဲ့ သူ့စကားကြောင့် လှမ်းလက်စ
ခြေလှမ်းလေးရပ်သွားသည်
"ဘယ်နှပတ်ရှိပြီလဲ...."
"ရှင်......"
သူမေးလိုတာကို သူမလေး
နားလည်ပုံမပေါ်
"ကလေး ပြောတာ ဘယ်နှပတ်ရှိပြီလဲ လို့"
"11 ပတ်ရှိပါပြီ Khun..ဒါဆို.."
ခါးလေးကိုင်းကာ နောက်တစ်ခါ
နူတ်ဆက်သည်
"သေချာပေါက်ပြောပေးပါ့မယ်..."
ဆိုတဲ့ သူ့စကားကို အပြုံးလေးတစ်စ
ပို့ကာ င်ြမ်းငြိမ်းချမ်းချမ်းထွက်သွားသည်
မငြိမ်းချမ်းနိုင်ပဲ ပူလောင်ပြီးကျန်နေခဲ့
တာက သူ
တကယ်ဆို ဝမ်းသာသင့်တယ်မဟုတ်လား
အစ်ကို့ကိုမစွန့်လွှတ်ရတော့ဘူးလေ
ဒါပေမယ့်....
သူမပျော်ပါ
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
