"""""""""""""""""""""
"Phi..... လှလား....''
အဖြူရောင် ဂါဝန်အကြီးကြီးကို
ဟိုဒီဝဲပြနေရင်းက မေးလာတဲ့ Pinky
လည်ပင်းပိတ်လေးနဲ့မို့ အမြင်မရိုင်း...
မိတ်ကပ်တွေမလိမ်းချယ်ရသေးတာတောင် လှနေတဲ့ ညီမလေး..
"လှတယ်.....''
"ဒါဆို ဒါပဲယူလိုက်တော့မယ်...နော်
Bron....''
သူနဲ့အတူထိုင်ကြည့်နေတဲ့ သူမရဲ့
ကောင်လေးကိုအတည်ပြုချက်ပေးသည်
"Pink သဘောလေ...Pink ကဘာဝတ်
ဝတ်လှနေတာပဲကို...''
ချောမွေ့ရည်မွန်တဲ့အမျိုးသားလေးက
အပြုံးတွေကြိုင်လှိုင်လျက် ပြောလေရဲ့...
"ဒါဆိုခဏလေးနော်...အဝတ်လဲလိုက်ဦး
မယ်..ပြီးမှနေ့လည်စာစားကြမယ်...''
သူမ ဘာသာ သူမ အမိန့်ချပြီး
အဝတ်လဲဖို့ လိုက်ကာထဲ ပြန်ဝင်သွား
လေပြန်တယ်....
တကယ်တမ်း ညီမလေးကို သူစိမ်းလက်
ထဲ ထည့်ပေးလိုက်ရမည်ကို
နှမြောမိသား...
Pinky သာ မရှိရင် အိမ်ကြီးဟာ
ခြောက်ကပ်နေတော့မယ်လေ..
" အတူလိုက်လာပေးတာ ကျေးဇူးတင်
ပါတယ် Khun Krist..''
"အာ...မဟုတ်တာ....ကျွန်တော်က
ဘာကူညီရတာမှမဟုတ်တာ...ကျေးဇူး
တင်စရာမလိုပါဘူး... ကျွန်တော်က
ပြန်အားနာရဦးမှာ...တကယ်ဆို
နှစ်ယောက်ထဲဖြစ်ရဲ့သားနဲ့
ကျွန်တော်က ကန့်လန့်ကန့်လန့်နဲ့...''
"အဲ့လိုမဟုတ်ပါဘူး...Pink က Khun
ကို အရမ်းချစ်တာလေ...Khun မပါ
လာရင် သူ က ခုလိုစိတ်ရှည်ရှည်ရွေးနေ
မှာ မဟုတ်ဘူး...တွေ့ကရာဝတ်လိုက်
တော့မှာရယ်....''
ဟုတ်တော့လည်း ဟုတ်ပါသည်...
ဒီဝတ်စုံမတို်င်မီရှေ့ကဝတ်ကြည့်ခဲ့သည့်
ဝတ်စုံတွေလည်း မနည်းမနော...
Pinky ရဲ့သည်းခံနိုင်စွမ်းနဲ့သာဆိုရင်
ဒီလောက်စိတ်ရှုပ်ခံမည် မဟုတ်....
"ကဲ...ပြီးပြီ...သွားမယ်....''
မိမိကိုလက်တစ်ဖက် သူမ ရဲ့ကောင်လေး
ကို လက်တစ်ဖက်ချိတ်ဆွဲလျက်
ဆွဲခေါ်နေသည့် Pinky ကိုကြည့်ပြီး
နှစ်ယောက်သား ပြိုင်တူပြုံးမိကြသည်
ESTÁS LEYENDO
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
