""""""""""""အိမ်မပြန်ဘူးလား...''
မှုန်တေတေလေးကြည့်လျက် မေးလာသူ
လေး....
အသည်းတွေယားချက်26 နှစ်အရွယ် ယောက်ျားတစ်ယောက်က
ဒီလောက်ထိ ချစ်စရာ ကောင်းနေရလား..."အဟမ်း....ကိုယ် ဒီည ဒီမှာအိပ်သွားမလို့''
"မရပါဘူး....ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ...''
"Krist ကလည်းကွာ..ညနက်နေပြီကို
တစ်ညလေး...တစ်ညလေးပဲလေ....''လက်ညိုးလေးတစ်ချောင်းထောင်ပြကာ
ညအိပ်ရဖို့အရေး အသနားခံနေမိသည်
ဘုရားစူး....Singto Prachaya ဟာ
ဒီလိုမျိုး တစ်ခါလေးတောင်
လုပ်ဖူးသူ မဟုတ်.....သို့သော် အသည်းမာသူလေးကတော့ဖြင့်
မသနားပါချေ..."မရဘူးကွာ....ထ...ထ..ပြန်တော့...
ဘယ်မှာညနက်သေးလို့လဲ...ခုမှ
ကိုးနာရီထိုးပြီးတာကို...''တစ်လုံးထဲသော ဆက်တီပေါ် မပြန်ရဖို့
အရေးပေကတ်ထိုင်နေသည့်
သူ့ကို အတင်းဆွဲထူကာ
အိမ်ပြန်မောင်းပို့နေသည်ဂျိုင်းအောက်ကို လက်လျိုထည့်ကာ
ဆွဲထစေသူလေးကို ပြန်ဆွဲယူလိုက်တော့
ခြေမခိုင်စွာ ထိုင်နေသည့် သူ့ရဲ့ပေါင်ပေါ်
ဖင်ထိုင်ရက်လေး လဲကျလာသည်"Phi Singto....ဘာလုပ်တာလဲ...''
လေသံမာမာနဲ့ဟောက်ကာ
အောက်နူတ်ခမ်းလေးကိုပင် ကိုက်ပြထား
လိုက်သေး...သဘောကတော့....
သူ ဒေါသထွက်နေပြီပေါ့....ဘယ်လိုလုပ်မလဲ...ဒီလူက သူဘာလုပ်လုပ် ချစ်စရာလို့ပဲ မြင်နေမိ
တာကို...."ကိုယ့်ကို မောင်းမထုတ်ပါနဲ့ Krist ရယ်
ကိုယ် မင်းကိုအရမ်းလွမ်းလို့ပါ...''တိုးတိတ်လှိုက်မောစွာ ပြောမိပြီး
ကိုယ့်ပေါင်ပေါ် ထိုင်နေတာမို့
ကိုယ့်ထက် အရပ်မြင့်နေတဲ့
Krist ရဲ့ လည်တိုင်ဆီ ခေါင်းအပ်ထား
မိသည်....တကယ်လည်း လွမ်းလှသည်
ဟိုတစ်ညပြီးကတည်းက သူ့အိမ်မှာ
နေမကောင်းဖြစ်နေခဲ့တဲ့ Krist ဟာ
သူ့ရဲ့အခန်းဆီ ရက်အတန်ကြာသည်အထိ
ပြန်မလာ...
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...