Ep...22(z&u)

1.1K 91 9
                                    


""""""""""""""""""""
မှန်ထဲမှာ မြင်နေရတဲ့
ရေမှုန်ရေမွားတွေကြားထဲက
ကိုယ့်ကိုကိုယ် ကြည့်နေမိသည်

Phi ပေးထားတဲ့ အနီရောင်အမှတ်တွေပေါ်
လက်နဲ့လိုက်လံတို့ထိရင်း....

ဖြစ်တည်မှုမှားယွင်းနေတဲ့ သူ့အတွက်
အချစ်က ကျိန်စာတစ်ခုလိုပါပဲလား...

ဘယ်သူကမှ မစွန့်ပစ်ပါပဲ
ကိုယ့်ကိုကိုယ် နာကျင်စေရတယ်

သူ တကယ်ပဲ ရှိနေသင့်တဲ့လူလား...

ကိုယ့်ကိုချစ်တဲ့သူတွေကို နာကျင်စေဖို့
သက်သက်....သူ ရှိနေတာလား....

ကံကြမ္မာက သူ့ကို မျက်နှသာမပေးချင်ဘူး ထင်ပါရဲ့....

"ကိုယ် သွားတော့မယ်...''

ရေချိုးခန်းတံခါးကို အသာခေါက်၍
အသိပေးလာတဲ့ Phi....

ပြန်ဖြေဖို့ သူ့မှာ ပါးစပ်ပင်မဟနိုင်
ဆို့နင့်တင်းကြပ်နေတဲ့ ရင်ဝက
နာကျင်မှုက နောက်ထပ်ဒီထက်ပိုနာကျင်
စရာ မရှိတော့သလိုမျိုး....

"ဒီနေ့ နားလိုက်နော်..ညစာ ကိုယ် အပြင်ကဝယ်လာမယ်....အိမ်မှာမချက်နဲ့..''

ဘာလို့လဲ.....
စိတ်နာစရာတွေကြားခဲ့ပြီးတာတောင်
ဘာလို့ သူ့အနားရှိနေသေးတာလဲ...

" ကိုယ် သွားပြီနော်....အကြာကြီးချိုးမနေ
နဲ့...''

ရေပန်းခလုတ်ကိုပိတ်လိုက်ပြီး Phi ရဲ့
ခြေသံရှပ်ရှပ်ကို နားစွင့်မိသည်

ဒီလိုနဲ့....ဒီလိုနဲ့ပဲ...သူ့အနားက
ထွက်ခွာသွားခဲ့ကြတာ...
အဆင်ပြေဟန်ဆောင်နေတဲ့ သူ့ကို
မနာကျင်ပါဘူး လို့ လိမ်ပြောတတ်တဲ့
သူ့ကို....

တံခါးကိုမြန်မြန်တွန်းဖွင့်လိုက်ပြီး
Phi ကိုမှီဦးမလား ပြေးလိုက်မိသည်

အိပ်ခန်းတံခါးကိုလည်း အရှိန်နဲ့တွန်းဖွင့်
လိုက်ပြီး တံခါးဝဆီကြည့်မိတော့
ဖိနပ်ထိုင်စီးနေရာက ထလိုက်တဲ့ Phi...

"........''

လှမ်းခေါ်မိပေမယ့် အသံထွက်မလာဘူး....
အနက်ရောင် ကုတ်အရှည်ကို ဝတ်ထား
တဲ့ Phi ရဲ့ ကျောပြင်သေးသေး..

"...auh...''

နောက်ကနေ တင်းတင်းကျပ်ကျပ်
ဖက်တွယ်ထားမိတယ်...

Poison Of PastWhere stories live. Discover now