"""""""""""""""
"Phi..မလုပ်နဲ့..''
ခုနကမှရေချိုးခန်းထဲကထွက်လာသည့်
သူ့ကို အတင်းအကျပ် ကုတင်ပေါ်တက်
စေကာ......
ခြေချောင်းတွေကို နှိပ်နယ်လိုက်
ဆွဲဆန့်လိုက်နဲ့ အလုပ်များနေသည်
"Phi.....မလုပ်နဲ့ဆို....''
"တစ်နေ့လုံး စက်ရုံတွေပတ်ကြည့်ထား
တာလေ.. ညောင်းနေမှာပေါ့...''
အတူတူ ပတ်ကြည့်ခဲ့တာကို...
Phi ရော မညောင်းဘူးတဲ့လား...
"မညောင်းပါဘူး...ဖယ်ပါ....ကျွန်တော်
ငရဲကြီးလိမ့်မယ်... ''
"မကြီးပါဘူး...ကိုယ်လုပ်ပေးချင်တာပဲကို
Krist ခိုင်းတာမှ မဟုတ်တာ...''
ခြေထောက် ကို အတင်းဆွဲယူပေမယ့်
ခြေကျင်းဝတ်ကနေ ချုပ်ကိုင်ထားကာ
လွှတ်မပေး.....
သူ့မှာ ရေချိုးခန်းဝတ်ရုံကြီးနဲ့ကို....
"ကိုယ် သူတို့ကို အသည်းယားတယ်..''
ခြေချောင်းထိပ် ဗွေရှိသည့်နေရာဖောင်း
ဖောင်းတွေဆီ စိုက်ကြည့်ကာ
ရုတ်တရက်ကြီး အပေါ်ကိုမလိုက်သည်မို့
"Phi ဘာလုပ်မလို့လဲ..... ''
Krist ကသာ မေးနေပေမယ့်
Phi ရဲ့အကြည့်တွေကတော့ ခြေချောင်း
တွေဆီကမခွာ....
မျက်နှာက တဖြည်းဖြည်း ငုံ့ကျလာကာ
သူ့ခြေထောက်နဲ့ မကွာဝေးလှတော့
"Ah.....Phi...... အခုဘာလုပ်နေတာလဲ ''
မှန်သည်
သူ့အကြည့်မလွှဲပါ...
Phi က သူ့ခြေချောင်းတွေကို ကိုက်ဆွဲ
နေတာ...
"Phi ကျွန်တော် မကြိုက်ဘူး..လွှတ်.....
လွှတ်ဆို...''
ကုတင်ခေါင်းရင်းကို မှီထိုင်နေရာက
ကုန်းလိုက်ပြီး Phi ရဲ့ခေါင်းကို တွန်းထုတ်
လိုက်တော့ ....
ခြေချောင်း ကို ပါးစပ်ထဲငုံထားရက်ဖြင့်
မော့ကြည့်လာသည့် အကြည့်တို့ထဲက
ဆန္ဒ တစ်စုံတစ်ရာ.....
"Phi........မလုပ်.....''
လျှာထိပ်ဖြင့် တို့ထိခံလိုက်ရသည့်
ခြေဗွေထိပ်လေးမှသည် တစ်ကိုယ်လုံးဆီ
ဖြန့်ကျက်စီးဆင်းသွားသည့်
လျှပ်စီးကြောင်းလေး.....
VOCÊ ESTÁ LENDO
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
