"""""""""""""""""""
"ပင်ပန်းနေပြီလား...Phi...''
ခွက်တွေကိုဆေးကြောနေသည့် Phi
ရဲ့ခါးကို နောက်ကျောကနေ ဖက်ထား
လိုက်ပြီး မေးလိုက်တော့...အပြုံးနဲ့စောင်းငဲ့ကြည့်ကာ...
"ကလေးက ပိုပင်ပန်းမှာကို...ကိုယ်က
စားပွဲပေါ်လိုက်ချပေးရရုံလေး...
ကလေးကမီးဖိုနားချည်းတစ်ချိန်လုံး
ကပ်နေရတာ...ပြပါဦး....ဒီနေ့ရော
မီးဟပ်ခံခဲ့ရသေးလား....''ပြောရင်း လက်ကိုပါဆွဲယူကြည့်နေသည်မို့
အသာရုန်းလိုက်ရသည်ဒီနေ့လည်း Phi စကားကို နားမထောင်
မိပြန်ဘူးလေ...."အဲ့လက်ကိုရှေ့ထုတ်ခဲ့....ခုချက်ချင်း... ''
မျက်နှာတည်တည်ကြီးနဲ့ တစ်ခါတစ်ခါ
ဟောက်တတ်သည့် Phi ကို
သူကြောက်ပါသည်"ဘာမှမဖြစ်ပါဘူး Phi ရဲ့....သေးသေး
လေးပါ...''လက်ကိုနောက်ကျောမှာဖွက်ထားလိုက်ပြီး အပြုံးနဲ့ပြောလိုက်ပေမယ့်...
"အခုချက်ချင်း...... ''
ထပ်ထွက်လာသည့် အေးစက်စက်
စကားသံကြီးအဆုံးမှာတော့ လက်ကို
တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှေ့ထုတ်ရ
တော့သည်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်ထိ
တွန်းတင်လိုက်ပြီး လက်ကိုလှည့်ပတ်
ကြည့်ရှုအပြီးမှာတော့
ဝေ့တက်လာသည့် Phi ရဲ့အကြည့်ကြီး
ကြောင့် သူ့မှာရင်တုန်ရတော့သည်"ဒါကသေးသေးလေးလား.....''
လက်ညိုးနဲ့ထောက်ပြလာသည့်
လက်ဖျံကအနီကွက်က သိပ်တော့လည်း
မကြီးပါလက်မနဲ့လက်ညိုးကွင်းထားသလောက်
လေးပါပဲ....."ကိုယ် မင်းကိုဘာပြောထားလဲ.....''
"အက်ႌ လက္ကို မေခါက္တင္ထားရဘူး
လို့ပြောထားပါတယ်....''စာမရသည့်ကျောင်းသားကိုစစ်မေးနေ
သည့် ဆရာတစ်ယောက်ရဲ့ပုံမျိုး....
သူလည်း စာမလုပ်ခဲ့သည့်
ကျောင်းသားလေးလိုဒီပုံစံက ရယ်စရာကောင်းပေမယ့်
သူ့မှာရယ်ဖို့နေနေသာသာ
စကားပင်ကျယ်ကျယ်မပြောရဲ.....
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...