""""""""""
ဘိုးဘိုးအတွက်သီးသန့်ဆောက်ပေး
ထားသော အဆောင်ငယ်လေး
အရောက် လူကငိုချင်လာသည်
သူ့ဘက်ကအမြဲရပ်တည်ပေးခဲ့သူသည်
ဘိုးဘိုး တစ်ဦးတည်းသာ
ဖွင့်ထားသော တံခါးမကြီးကနေ
ခပ်ဖွဖွနင်းကာဝင်လိုက်တော့
မျက်လုံးတို့ကိုမှေးကျဉ်းကာ
စာအုပ်ဖတ်နေတဲ့ ဘိုးဘိုးကို ပြတင်းမှန်နားမှာ တွေ့လိုက်ရသည်
မတွေ့ရသည့် သုံးနှစ်ကျော်အတွင်း
သိပ်မပြောင်းလဲသေးတဲ့ ဘိုးဘိုး...
ဆံပင်ဖြူတို့ပင်သိပ်မများသေး....
"Mr.Perawat Sangpotirat ရှိပါသလား
ခင်ဗျာ...."
"ရှိပါတယ်... ဝင်ခဲ့ပါ....ဟင်...မြေး.... "
မြေအဘိုးနှစ်ဦးကြားက ခြေလှမ်းနှစ်ဆယ်
စာ အကွာအဝေးက
မည်သူကမှ စမလှမ်းသဖြင့် နီးကပ်မလာ
"ဘိုဘိုး......."
ထရပ်လိုက်သည့် ဘိုးဘိုးကို
သူကပဲ ပြေးဖက်လိုက်သည်
"ကျွန်တော်က ဘိုးဘိုးကို အရမ်းလွမ်းနေတာ...."
"ဘာဖြစ်လာတာလဲ မြေး...မြေးရဲ့
ကောင်လေးရော....."
တကယ်ပါပဲ....ဘိုးဘိုးလောက်
သူ့ကို နားလည်သူသည် လောကမှာ
မရှိ
"ကျွန်တော် ပြန်လာတာ ဘိုးဘိုးကမပျော်
လို့လား...."
"မြေး ပျော်ရင်ဘိုးဘိုးလည်းပျော်မှာပေါ့...
ဒါပေမယ့်...ခုက မြေးမှပျော်မနေပဲ...."
မျက်နှာမြင်လိုက်ရုံနဲ့ သူ့ရင်ထဲက နာကျင်
မှုကိုပါ တန်းမြင်နိုင်တဲ့ ဘိုးဘိုးကို
သူလိမ်ညာဖို့ စွမ်းသာနိုင်ပါ့မလားလေ....
""""""""""""""
Mr.Manik Perawat Sangpotirat
"""
သူ့ဒူးပေါ် ခေါင်းအပ်ကာ ငိုနေတဲ့
ကလေး.....
သူ့အသက်ငါးဆယ်မှာမှ ပထမဆုံးရခဲ့သည့် မြေးဦးလေး...
ချစ်လွန်းလို့ သူ့နာမည်ကိုပါ ဒီမြေးကို
ခေါ်တွင်ခဲ့သည်အထိ
Manik Perawat Sangpotirat
Krist Perawat Sangpotirat
သူ့အဖေနဲ့သူ့သား ပဋိပက္ခကြားထဲမှာ
ခေါင်းမာလှသည့် အချစ်ဆုံး မြေးက
ဒီအဘိုးကိုပါ စွန့်ခွာကာ
အချစ်နောက်ကို ကောက်ကောက်ပါ
အောင် လိုက်သွားခဲ့သည်လေ
KAMU SEDANG MEMBACA
Poison Of Past
Romansaတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
