ရှန်ပိန်တစ်ခွက်ကို လက်ထဲကိုင်ထားရင်း
ငေးကြည့်နေမိသည်က ကြည်လင်ရှင်းသန့်နေသည့် ချစ်သူလေး
ဆီသို့သာ....
နက်ပြာရောင် အောက်ခံပေါ် အဖြူရောင်
ကိုအကွက်ဖော်ထားသည့် Suit ကိုမှ
အတွင်းကရှပ်အဖြူ ကြယ်သီးဖွင့်လေးနှင့်
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
လူငယ်ဆန်ဆန် တက်ကြွသည့်ပုံစံလေး
ရှိနေသော်ငြားလည်း...
သူ့ ညီမလေးဆီ ကြည့်နေသည့် အကြည့်
တို့မှာတော့ နှမြောတသဟန်လေးက
အထင်းသား...
တစ်နေရာထဲမှာပဲရပ်နေပြီးမည့်သူ့ကိုမှ
လည်း စကားမပြော...
ဧည့်သည်တွေကိုလိုက်လံနူတ်ဆက်နေ
သည့် ညီမငယ်ကိုသာ
မျက်ခြေမပြတ် လိုက်ကြည့်နေရှာသည်
"Phi Sing လာဖြစ်အောင်လာခဲ့နော်
မလာလို့ကတော့ Pink အစ်ကိုနဲ့
သဘောမတူပေးတော့ဘူး...''
ဆိုသည့် ခြိမ်းခြောက် စကားဆန်ဆန်
Pink ရဲ့စကားကိုကြောက်၍
မဟုတ်ပဲ ဒီမျက်နှာလေးကိုမြင်ချင်၍
သာ သူရောက်လာခဲ့သည်...
ဒါပေမယ့်လည်း သူလေးသိမြင်အောင်
တော့ ပေါ်ပေါ်ထင်ထင်မနေရဲ...
တော်ကြာ သူပြောစကားကိုမလိုက်နာဟု
စိတ်ငြိုငြင်သွားမှဖြင့်...
"မောင်ရင်လည်း ရောက်လာတာပဲ...''
အနီးကပ်စကားသံကြောင့် လန့်ဖျပ် သွား
သည်ကအမှန်...
သူရပ်နေတာက ချောင်ကျသည့် အမှောင်ရိပ်တစ်ခုမှာလေ...
"ဘိုးဘိုး...''
ဟုတ်ပါသည်....
မာန်မာနတို့ကင်းစင်သည့် အပြုံးမျိုးဖြင့်
မိမိအနားလာရပ်သူက ကလေးငယ်ရဲ့
ဘိုးဘိုး (သို့မဟုတ်) မကြာခင် တော်စပ်
တော့မည့် မိမိရဲ့ဘိုးဘိုး
"Pin တို့ကိုနူတ်မဆက်ရသေးဘူးမို့လား..''
"ဟုတ်ကဲ့ခင်ဗျ.....ပြန်တော့မှပဲ နူတ်ဆက်
တော့မလို့ပါ...''
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
