Ep...24(z&u)

1K 89 4
                                    

""""""""""""""""""""

ဒီမြေပေါ် ဘယ်တော့မှမနင်းလို့
သံဓိဋ္ဌာန်ချခဲ့ဖူးပါသည်

အခုဘာလို့လာနင်းလဲ လို့မေးရင်တော့
အဖြေကတစ်ခုထဲ...

သားကြောင့်ပဲပေါ့...

Kit ဖြစ်စေချင်ခဲ့သည့် မိသားစုဘဝ...
Kit မြင်ချင်ခဲ့သည့် သာယာသည့်
အသိုက်အမြုံ...

သူ့မှာရှိနေခဲ့ပြီ...
ပျော်သည်တော့လည်း မဟုတ်ပါ..
မပျော်ဘူးတော့လည်း မဟုတ်ပြန်..

တာဝန်အရ Nora ကိုလက်ထပ်ခဲ့သည်
သားလေး ကိုပိုင်ဆိုင်ရပြန်တော့လည်း
Nora ကို ကျေးဇူးတင်ရပြန်သည်..

ခုချိန်မှာတော့ သူ့မှီတွယ်ရာဟာ
သားလေး တစ်ယောက်တည်း...
သားအတွက်ကြိုးစား...သားအတွက်
အသက်ရှင်...
ဒါက Kit မျော်လင့်ခဲ့သလိုပါပဲ...

"Phi...ညီမတို့ ပုခက်ဝယ်ရမယ်နော်..''

သူ့တံတောင်ဆစ်ဆီ လာချိတ်ကာ
ပြောလာတဲ့ Nora ကိုစောင်းငဲ့ကြည့်ရင်း

"လက်တွန်းလှည်းလေး အရင်ဝယ်ရအောင် Nora..ချီထားရတာ
လေးနေပြီမလား..''

တစ်နှစ်နဲ့သုံးလ အရွယ် သားလေးက
11 kg တောင်ရှိတာမို့ ပွေ့ချီရတာ
မလွယ်လှ...

သူ့ဟာသူ လမ်းလျှောက်တတ်ပြီဆိုပေ
မယ့်လည်း...
လွှတ်ထားဖို့က မဖြစ်နိုင်တာမို့....

"ဒါဆို တွန်းလှည်းအရင်သွားကြည့်ရအောင်''

Nora ဆီက သားကိုလက်ပြောင်းယူလိုက်ပြီး...
Nora သွားရာနောက်သို့လိုက်ခဲ့လိုက်
သည်

ကလေးအသုံးဆောင်ပစ္စည်းအရောင်း
ဆိုင်မို့ မြင်သမျှက လိုချင်စရာတွေချည်း..

သားအရွယ်နှင့်သင့်တော်မည့် တွန်းလှည်း
ကိုရအပြီးမှာတော့
သားကို တွန်းလှည်းထဲထည့်ကာ
ပုခက်များထားရာဆီသွားရပြန်သည်

New york တိုက်ခန်းမှာ အားလုံးအစုံ
ရှိပေမယ့် Bongkok အိမ်မှာတော့
ဘာမှမရှိဘူးမဟုတ်လား...

မနေ့ကမှ ပြန်ရောက်လာတာမို့
နားဖို့ပြောကြသော်လည်း သား အတွက်
အသုံးအဆောင် တွေကအရေးတကြီး
လိုအပ်သည်လေ...

Poison Of PastWhere stories live. Discover now