""""""""""""""""Phi.....''
"အင်း......''
"ဘာမှမဟုတ်ဘူး... ''
စကားစလာပြီးမှ ဘာမှမဟုတ်ဘူး နဲ့
အဆုံးသတ်သွားတဲ့ Pinky ကို
အသီးခွာနေရာကနေ လှမ်းကြည့်လိုက်
သည်ရေဖန်ခွက်ကို ကိုင်ထားလျက်နဲ့
စိတ်တို့ကဘယ်ရောက်နေမှန်းမသိ..ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေပေ
မယ့် ပျားပန်းခတ်မျှလှုပ်ရှားနေသည့်
လူတွေကိုမှ မြင်ပါရဲ့လား..."Pinky..ဘာဖြစ်နေတာလဲ...''
လိမ္မော်သီးကို အတွင်းသားလေးတွေချည်း
ရအောင် ခွာထုတ်တာမို့ စွပ်ထားသည့်
လက်အိတ်ကိုချွတ်ပစ်လိုက်ရင်း
အမေးထုတ်မိသည်"ဘာမှမဖြစ်ပါဘူး.... ''
"တစ်ခုခုကိုစဉ်းစားနေတာလား...''
"ချစ်တဲ့သူနဲ့အတူနေထိုင်ရတဲ့ ခံစားချက်ကဘယ်လိုလဲ ဆိုတာကို
စဉ်းစားနေတာ..''"သေချာပေါက် ပျော်စရာကောင်းတာ
ပေါ့...''စိတ်လွှတ်လက်လွှတ် ဖြေချလိုက်ပြီးမှ
နာကျင်ရသည်တို့ကို အမှတ်ရသွားသည်"တခါတလေလည်း နာကျင်ရတာပေါ့
လေ.....နေပါဦး...နင်ကဘာလို့သိချင်
တာလဲ...မဟုတ်မှ နင်...''"Pink Phi Sing နဲ့လက်ထပ်သင့်တယ်
လို့ထင်လား...''ချစ်သူတွေ့နေတာလား လို့ မေးမည့်
အကြံကို Pinky ရဲ့ အမေးကြောင့်ပဲ
ရပ်တန့်လိုက်ရသည်"သူကလူကောင်းပါ....နင့်အပေါ်
သူ ကြင်နာမှာပါ...''"ဒါပေမယ့် Pink တို့နှစ်ယောက်ကြားမှာ
အချစ်မရှိဘူးလေ....Pink တို့ ပျော်ရွင်
နိုင်မယ်လို့ Phi ထင်လား...''"နင်တကယ်ပြောချင်တာက ဘာလဲ
Pinky နင် Phi Sing နဲ့လက်မထပ်ချင်
ဘူးလား...နင်ချစ်သူတွေ့ထားလို့လား..''တစ်ဦးတည်းသော ညီမလေးရဲ့မျက်နှာကို
စေ့စေ့ကြည့်ကာ မျက်နှာအမူအရာ ကို
ခွဲခြားနေမိသည်ခပ်ယဲ့ယဲ့ အပြုံးလေးနဲ့ ရှုပ်ထွေးနေတဲ့
အကြည့်တို့က...."Phi စိတ်ချပါ...ဖေဖေ စိတ်မပျက်စေရပါ
ဘူး...Pink မှာချစ်သူရှိနေလည်း
ဖေဖေ သဘောတူတဲ့သူနဲ့ပဲ
လက်ထပ်မှာပါ...''

DU LIEST GERADE
Poison Of Past
Romantikတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...