Ep...5(z&u)

1.1K 107 3
                                        


"""""""""""""""

အနီရောင်ဝန်ထမ်းဝတ်စုံလေးဝတ်ထား
သော ဝန်ထမ်းမလေး ညွန်ပြရာ
မီးဖိုခန်းထဲ ခြေလှမ်း မှန်မှန်နှင့် လှမ်းဝင်
လိုက်သည်

တွေ့လိုက်ရသည်က
လူငယ်လေးတစ်ဦး အိုးခွက်များကိုနေရာ
ချနေသည်မို့ တာဝန်ခံဆိုသည့်လူကို
သာဝေ့ဝဲရှာမိသည်
မမြင်သည့်အဆုံးမှာတော့ သူ့ရှေ့က
ဝန်ထမ်းလေးကိုပဲ မေးရတော့မည်

"ဒီမှာခင်ဗျ တာဝန်ခံနဲ့တွေ့ချင်လို့ပါ"

ဖြတ်ဆို လှည့်ကြည့်လာသော အကြည့်
တွေက ယုံကြည်မှု အပြည့်နဲ့
တည်ဆောက်ထားတဲ့ ဖန်သားတံတိုင်းလို
မစူးရှသော်လည်း ပျော့ညံ့မှုလည်းမရှိ

"တာဝန်ခံက ခုနကပဲပြန်သွားတယ်ခင်ဗျ
ဘာအကြောင်းရှိလို့ပါလဲ..."

တွန့်ဆုတ်မနေသည့် အမူအရာတို့အရ
အတွေ့အကြုံများနေသည့်ပုံပေါ်သည်မို့
လာရင်းကိစ္စကိုထိုလူငယ်နဲ့ပဲ
ပြောရန်ပြင်လိုက်ရတော့သည်

"ဒီလိုပါ...သဘက်ခါကျင်းပမယ့် စေ့စပ်
ပွဲအတွက် ဟင်းလျာသုံးမျိုးထပ်တိုးချင်
လို့ပါ..."

"ဘာတွေထပ်တိုးချင်တာလဲ...."

လက်ကို ပုဝါတစ်ခုဖြင့်သုတ်နေရင်း
သူ့ရှေ့ဆီလျှောက်လာသည်

လက်ထဲအသင့်ပါလာသည့် ဖိုင်ထဲက
သူတို့ Hotel ၏ menu များကို
ပြလိုက်တော့ ဆွဲယူကြည့်သည်

"ဒီသုံးမျိုးထပ်တိုးချင်တာပါ..."

လက်နှင့်ထောက်ပြလိုက်သော
ဟင်းပွဲနာမည်ကို သေချာစွာကြည့်သည်

ပြီးမှ အတန်ကြာစဉ်းစားနေပြန်သည်
ထပ်တိုးဟင်းပွဲနာမည်ကို လက်ညိုးဖြင့်
ထောက်ကာ မျက်လုံးစုံမှိတ်ပြန်သည်

ဘာလဲဟ...ဒီစားဖိုမူးပေါက်စရဲ့ပုံက
တစ်ခုခုပဲ မဟုတ်ဘူးလား...
ဝတ်ထားသည်က စားဖိုမူးဝတ်စုံမို့သာ
စားဖိုမူးထင်လိုက်ရသည်
ဖြူဖေွးကြည်သန့်နေသည့် အသားအရေ
က သွေးကြောစိမ်းလေးများပင်မြင်
နေရသည်
အင်္ကျီ အဖြူကို တံတောင်ဆစ်အထိ
ခေါက်တင်ထားရာ မွေးညှင်းစိမ်းလေး
တွေက သိသာထင်ရှားလှသည်
အပူလောင်ထားသလို နီနီရဲရဲ အကွက်
လေးများကလည်း ဟိုတစ်ကွက် ဒီတစ်ကွက်
လက်ဖျံကအကြောတို့က ထင်းနေသေး
သည်

Poison Of PastWhere stories live. Discover now