""""""""""""""""""""""Pink မှာ ချစ်သူရှိတယ် Phi...''
အမှန်တရားကိုပြောပြဖို့ ဘယ်အခါမှ
တွန့်ဆုတ်လေ့မရှိသည့်ကောင်မလေး...
ခုလည်း သူမ မှာ ချစ်သူရှိသည့်အကြောင်း
ပြောပြဖို့တွန့်ဆုတ်မနေ...."အဲ့ဒီတော့...''
"Phi ကိုသိအောင်ပြောပြတာပါ...
Pink တို့လက်ထပ်ပြီးတဲ့အခါ ဒီအကြောင်းကို ဖုံးကွယ်ထားသလို
မဖြစ်ချင်ဘူး..''"Pink တကယ်ရော Phi နဲ့ လက်ထပ်
ချင်ရဲ့လား..''"ဖေဖေ့သဘောကို Pink မလွန်ဆန်ပါဘူး
ဖေဖေ့ကို စိတ်မပျက်စေချင်ဘူး..''ခံစားချက်မပါသော လူနှစ်ယောက်ရဲ့
စကားဝိုင်းသည်
အေးစက်နေသည်ရင်ထဲမှာရှိသူကတစ်ယောက်
လက်ထပ်မည့်သူကတစ်ယောက်
ဒီပုံစံ ဒီအခြေအနေ..
သူတို့ တကယ် အဆင်ပြေနိုင်ပါ့မလား..."Pink ပြန်တော့မယ် Phi...
Phi Kit နဲ့ဈေးဝယ်ဖို့ချိန်းထားလို့...''"Phi ကားနားအထိလိုက်ပို့မယ်...''
အတူတူ ဘေးကပ်လျှောက်ထွက်ခဲ့ရင်း
သူ တွေးနေမိသည်
သူပြောပြလိုက်သင့်လား...
ဒါမှမဟုတ်
မပြောပဲ နေလိုက်သင့်လား.."နောက်မှတွေ့မယ် Phi...''
"Okay....''
ကားတံခါးကိုဖွင့်ဝင်ကာ ခါးပတ်ပတ်နေ
သည်အထိ သူ့မှာဝေခွဲမရသေး..."သွားပြီ.....''
"ခဏ Pink....''
"ဘာလဲ Phi....''
"Phi လည်း Pink ကိုပြောစရာရှိတယ်''
"......''
""""""""""""""""""""
ဘိုးဘိုးရဲ့မွေးနေ့ပွဲဆိုပေမယ့်
လာသမျှဧည့်ပရိတ်သတ်က ဖေဖေ့ရဲ့
အလုပ်အသိအကျွမ်းများသာ...သူ့မှာလည်း မကြာခဏ လက်အုပ်ချီ ရ
ခါးကိုင်းရဖြင့် ညောင်းညာနေချေပြီဝိုင်တော်တော်များများလည်း
ဗိုက်ထဲရောက်နေခဲ့ပြီ
မမူးလို့သာ တော်ပါသေးသည်"ပင်ပန်းနေပြီလား မြေး...''
ပခုံးကိုသိုင်းဖက်လာကာ ကြင်နာစွာမေး
လာတဲ့ဘိုးဘိုး..
![](https://img.wattpad.com/cover/201301150-288-k225807.jpg)
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...