"""""""""""""""""""ဖေဖေ....''
မပြုံးမရယ် ခံစားချက်မရှိတဲ့ မျက်နှာထား
မျိုးနဲ့ သူ့ရဲ့အခန်းတံခါးဝမှာ...ဖေဖေ့နောက်မှာတော့....Phi Sing
နားလည်ပေးပါ ဆိုတဲ့ အကြည့်မျိုးဖြင့်...
"ဖအေ ကို အခန်းထဲတောင် မခေါ်ချင်ဘူး
လား...''သူ မမျော်လင့်ထားတဲ့ စကား..
"မဟုတ်...မဟုတ်ပါဘူး...ဖေဖေ..ဝင်လေ
Khun Singto လည်းဝင်ပါ...''သူ့သမက်လောင်းနဲ့ အရမ်းရင်းနှီးတဲ့
အပြုအမှုမျိုးမဖြစ်ဖို့ရာ...
Phi Sing ကိုပင် Khun လို့ခေါ်ရသည့်
အဖြစ်...ကိုယ်က သာမန်မဟုတ်တော့လည်း...
" အိမ်ကိုပြန်မလာပဲနဲ့....ဒီလိုနေရာမျိုးမှာ
တစ်ယောက်ထဲ နေနေတယ်ပေါ့...''မထိုင်သေးပဲ အခန်းထဲလှည့်ပတ်ကြည့်
ကာ ထူးဆန်းသည့်စကားကိုဆိုသည်သားအဖြစ်ကစွန့်လွှတ်ခဲ့တာ ဘယ်သူလဲ..
"ဖေဖေပဲ....''
"ငါပြောတာက ဟိုကောင်နဲ့ ပတ်သက်နေ
သမျှပဲ အကြုံးဝင်တယ်ကွ..
ခု ဟိုကောင်ကို မင်းကွာရှင်းထားခဲ့ပြီဆို..
အဲ့ဒါဆို မင်းပြန်လာလို့ရတယ်..''ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားရသည်က
သူ....ဖေဖေ ဒါတွေဘယ်လိုသိနေတာလဲ..
Phi Sing ပြောပြတာလား...
ဒါပေမယ့် Phi Sing ကရော
ဘယ်လိုသိတာလဲ...သူ့အတွေးနဲ့သူ Phi Sing ကို လှမ်းကြည့်
လိုက်တော့..သူ့ကို စိုက်ကြည့်နေတဲ့ Phi Sing...
လှိုက်ခုန်သွားတဲ့ ရင်ခုန်သံတချို့...
စိတ်ထိန်းစမ်း..Perawat..
"ခုချက်ချင်း ပစ္စည်းတွေသိမ်း...အိမ်ပြန်မယ်..''
ဖေဖေ့အသံကြားမှ ဝင်လာတဲ့အသိစိတ်
"ကျွန်တော် ပြန်မလိုက်ဘူး...''
"ဘာကွ...မင်းက....''
"ကျွန်တော် ဒီအတိုင်းအဆင်ပြေပါတယ်
ဖေဖေ...''"ဘာအဆင်ပြေတာလဲ...တစ်ယောက်ထဲ
နေချင်သလိုနေ စားချင်သလိုစားနဲ့..
မိသားစုရှိနေရဲ့သားနဲ့..ဘာလို့တစ်ယောက်ထဲနေမှာလဲ...ပြီးတော့ ခုအလုပ်ကထွက်ဖို့လုပ်...သားတစ်ယောက်လုံးရှိနေရဲ့သားနဲ့...ငါက ဘယ်အချိန်
ထိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရဦးမှာ
လဲ.....''

BẠN ĐANG ĐỌC
Poison Of Past
Lãng mạnတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...