[Warning - Rate-M]
"""""""""""""""""
"Phi နဲ့ တော်မယ်ထင်တာပဲ..
ဒီမှာက ကျွန်တော် ငယ်တုန်းက
အဝတ်အစားတွေပဲရှိတာမို့လေ...''
တဘက်ပတ်ကာ ရေချိုးခန်းကထွက်
လာသည့် သူ့ကို မျက်နှာလေးခပ်လွှဲလွှဲ
ပြုလျက် ညအိပ်ဝတ်စုံလေး
ကမ်းပေးနေသည့် Krist
!ချစ်စရာ ကောင်းလိုက်တာ!!
"ကျေးဇူးပဲ.....ကိုယ့်ကြောင့် အလုပ်ရှုပ်ရပြီ''
"မဟုတ်ပါဘူး...ဘယ်မှာ အလုပ်ရှုပ်ရလို့
လဲ...''
"ဟုတ်ပါပြီကွာ.... ရေသွားချိုးတော့လေ''
"ဟုတ် ဒါဆို Phi လည်းနားတော့...''
"Okay...''
အဝတ်အစား အထပ်လေးပါ သယ်ကာ
ရေချိုးခန်းထဲ ဝင်သွားသည့် Krist ကို
သဘောကျစွာပဲ သူကြည့်နေမိတော့သည်
သူ့ရှေ့မှာ အဝတ်လဲရမှာ စိုးတာနဲ့
ရေချိုးခန်းထဲထိ အဝတ်တွေယူသွားသည်
မဟုတ်ပါလား....
ခေါင်းယမ်းလိုက်ရင်း သဘောတကျပဲ
ရယ်လိုက်မိပြီး ကုတင်ပေါ် လှဲမည်အကြံ
မနက်လုပ်ရမည့် အလုပ်တွေက
ခေါင်းထဲဝင်လာပြန်တာမို့
အိတ်ကိုလှမ်းယူကာ အထဲမှ Laptop ကို
ဆွဲထုတ်နေတုန်း
တံခါးခေါက်သံကြောင့်.... ထကာ
တံခါးသွားဖွင့်လိုက်သည်
"Phi တို့ သောက်ထားတယ်မဟုတ်လား
ခေါင်းကြည်အောင်လို့ ပျားရည်နဲ့သံပရာသီးနဲ့ဖျော်လာတာ
Phi Kit ရော....''
လင်ပန်းထဲ အအေးနှစ်ခွက်ထည့်သယ်လာကာ
ပို့လာသည့် Pink..
"သူ ရေချိုးနေတယ်.....''
"အဲ့ဒီ Phi Kit က ရေချိုးရင် အရမ်းကြာ
တာ....''
"ဟုတ်မယ် Krist လည်း အဲ့လိုပဲပြောပြီး
ကိုယ့်ကို အရင်ချိုးခိုင်းတာ...''
"ဟုတ်လား.....အမ်....ဒါဆိုလည်း
နားတော့လေ...Good Night...''
"Good Night...''
စာကြည့်စားပွဲပေါ် လင်ပန်းအလိုက်ချပေး
ထားခဲ့ပြီး ပြန်ထွက်သွားတဲ့ Pink
ရဲ့နောက်ကနေ လိုက်သွားပြီး အခန်းတံခါးကိုလော့ခ်ချထားလိုက်သည်
အိပ်နေတုန်း လာနိုးတာမျိုး လာနှောက်ယှက်တာမျိုးကို သူနည်းနည်း
မှ သည်းခံ၍မရတာမို့....
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
