"""""""""""""""""## The first sight of love is
The last of wisdom. ##ဘယ်တုန်းက ဒီစကားစုကိုကြားခဲ့ဖူးလဲ
မသိပေမယ့် သူ့မှတ်ဉာဏ်ထဲ စွဲထင်နေ
ခဲ့သည်Krist ကို သူချစ်သည်...
ချစ်၍ ပိုင်ဆိုင်ချင်သည်..ဘာတွေပဲ စွန့်လွှတ်ရ စွန့်လွှတ်ရ...
သူ စွန့်လွှတ်လိုက်မည်.....ဒါဟာ အသိဉာဏ်တွေမဲ့သွားတာ
မဟုတ်ဘူး....
ချစ်၍....ချစ်သူနဲ့သာဆိုရင်
ဘာပဲ ဖြစ်ဖြစ် သူ ရင်ဆိုင်ကျော်လွှားနိုင်
မှာမို့....ဒါပေမယ့်......
ချစ်ရသူကတော့ ပုန်းရှောင်သွားခဲ့ပြီ...တိုက်ခန်းမှာမနေတော့ပဲ
သူ့မိဘအိမ်ကို ပြန်သွားခဲ့တာ
နှစ်ပတ်ကျော်ခဲ့ပြီ...အလုပ်ကိုလည်းမလာ....
ဖုန်းဆက်တော့လည်း မကိုင်နှင့်...
Pink ကိုမေးတော့လည်း ဘိုးဘိုးကိုသာ
အဖော်ပြုနေပြီး အိမ်ထဲကအိမ်ပြင်မထွက်
တဲ့......သူ ဘာလုပ်ရမည်နည်း....
သတ္တိနည်းလှချည်ရဲ့လို့ အပြစ်မတင်ရက်
ပါ....
Krist ကြုံခဲ့ရသည့် စိတ်အားငယ်မှုကို
သူ နားလည်ခံစားပေးနိုင်တာမို့...ဒါပေမယ့်လည်း....
ဘာလို့ သူ့ကိုမယုံကြည်ရသလဲ...
အရင်တစ်ယောက်က သူ့ကိုစွန့်ပစ်ခဲ့တာနဲ့
နောက်တစ်ယောက်ကပါ
စွန့်ပစ်လိမ့်မယ်လို့ လွယ်လွယ်တွေးရတာ
လဲ...သူ့ရဲ့အချစ်က ဒီလောက်တောင်
ယုံကြည်စရာ မရှိဘူးလား...လူမရှိတဲ့ အခန်းရဲ့တံခါးဝမှာ
ခပ်ယိုင်ယိုင်ရပ်နေသည့် သူ့ကို
ဘာလိုလိုကြည့်သွားကြတဲ့
အိမ်နီးချင်းတွေ....နေ့စဉ်နေ့တိုင်း Krist ရဲ့အခန်းတံခါးဝမှာ
Krist ခဏပြန်လာတာနဲ့များကြုံမလား
လို့ စောင့်ကြည့်ရတာအမော....ဒါပေမယ့်... အမောပြေစေမယ့်သူက
တော့ ရောက်မလာ....တံခါးကိုကျောကပ်မှီကာ လေပူတစ်ချက်
မှုတ်ထုတ်မိသည်..."Ring...Ring....Ring....''
လှုပ်ခါလာသည့် ဖုန်းကြောင့် ဘောင်းဘီ
အိတ်ထဲထိုးထည့်ထားသည့် ဖုန်းကို
ဆွဲထုတ်ပြီးကြည့်မိတော့ မေမေ့ဆီက...

DU LIEST GERADE
Poison Of Past
Romantikတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...