""""""""""""""""""""""
"Phi...ကျွန်တော်တို့ကလေးမွေးစားကြမလား...''
သူ့ရင်ဘတ်ကိုလက်သည်းနဲ့ခပ်ဖွဖွကုတ်ခြစ်နေရင်းကပြောလာတဲ့စကား..
ထိုစကားပြောလာတဲ့ကောင်လေးကို
သေချာမြင်ရအောင်ငုံ့ကြည့်မိပေမယ့်ဆံနွယ်ပျော့ပျော့လေးတွေကိုသာတွေ့လိုက်ရတယ်..
ဘာရယ်ကြောင့်မှန်းမသိ
ကလေးမွေးစားမယ့်စကားမျိုးထွက်လာတာတော်တော်လေးထူးဆန်းနေသည်..."ဟင့်အင်း...မမွေးစားချင်ပါဘူး..
ကိုယ့်မှာဒီကလေးလေးရှိနေပြီပဲကို...''ဆံပင်တွေဖုံးအုပ်ထားတဲ့နဖူးပြင်ပေါ်အနမ်းပေးလိုက်ရင်း ရင်ခွင်ထဲကလူကောင်လေးကိုတင်းတင်းပွေ့ပိုက်ထားလိုက်တယ်....
အတူတူနေတာကြာလာတာနဲ့အမျှ
ဒီကောင်လေးရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုသူတွေ့မြင်ခဲ့ရပြီးပြီ...
လူကြီးတစ်ယောက်လိုရင့်ကျက်နေပေမယ့် သူနဲ့ဆိုကလေးတစ်ယောက်လိုနွဲ့ဆိုးဆိုးတာလေးလည်းရှိတယ်...
အလုပ်ကိစ္စနဲ့သူခရီးထွက်ရတဲ့အခါတိုင်း အကြိမ်ရေစိပ်စိပ်ဖုန်းခေါ်နေတတ်တယ်...
သူ့လက်ထောက်ကိုလည်း သူဘာတွေလုပ်နေလဲထောက်လှမ်းတတ်သေးတယ်..
တဖက်ကတွေးရင် သူ့ကိုမယုံကြည်လို့လားလို့အနည်းငယ်စိတ်ဆိုးချင်စရာဆိုပေမယ့်..
တဖက်ကကြည့်လိုက်ပြန်တော့ အဲ့ဒါကသူ့ကိုချစ်လို့ပဲဖြစ်နေပြန်တယ်လေ...
ခဲမှန်ဖူးတဲ့စာသူငယ်လိုခံစားချက်မျိုး
ဒီကောင်လေးကိုမဖြစ်စေချင်တော့ဘူး...
ဒါပေမယ့်.....
သူ့အပေါ်ဒီလိုဂရုစိုက်နေတာကသူ့ကိုအဆုံးရှူံးမခံနိုင်ဘူးဆိုတာကိုလည်းသက်သေခံပေးနေပြန်တယ်လေ..
သူဘယ်လိုသဘောမကျရှိရမှာလဲ..."ဒါနဲ့...ကိုယ် ခရီးသွားဖို့ရှိသေးတယ်...''
"Hmm...ဘယ်ကိုလဲ...ကြာမှာလား...''
သူ့ကိုမြင်ရဖို့မော့ကြည့်လာတဲ့မျက်နှာလေး
သူ့ရင်ဘတ်ပေါ်မေးတင်လျက် အလိုမကျဟန်တွန့်ချိုးထားတဲ့မျက်ခုံးတန်းလေး...လက်ညိုးနဲ့ဖြေလျော့ပေးလိုက်ရင်း...
" Australia တင်ပါ...ဘယ်လောက်ကြာမလဲတော့မသိသေးဘူး...
ဘာလို့လဲ...''
![](https://img.wattpad.com/cover/201301150-288-k225807.jpg)
ESTÁS LEYENDO
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...