"""""""""""""""""
လည်ချောင်းတလျှောက် မှာ တံတွေးပင်
မျိုမချနိုင်...နာကျင်အက်ကွဲနေပုံများ...
သို့ပေမယ့်.....
ခန္ဓာကိုယ် ကတော့ခိုက်ခိုက်တုန်အောင်
ချမ်းနေသည်
ထိကပ်နေသည့် အနွေးဓာတ်လေးဆီ
ပို၍တိုးကပ်မိသည်
အနွေးဓာတ်က တစ်ကိုယ်လုံးကို
မနွေးထွေးနိုင်စေသော်လည်း
အေးခဲမတတ်ဖြစ်နေသည့် ခန္ဓာကိုယ် ကို
တော့ သက်သာစေသည်
"Krist.......Krist.....''
ပခုံးကိုခါလှုပ်ကာ နိုးနေသည့် Phi Sing
ရဲ့အသံကိုကြားပေမယ့်
တုံ့ပြန်မထူးနိုင်....
ခုချိန်သူလုပ်နိုင်တာက ရရှိနေသည့်
အနွေးဓာတ်လေးဆီပိုမိုတိုးကပ်မိခြင်း....
"ဖျားပြီထင်တယ်...ကိုယ့်အပြစ်ပါကွာ....''
ထိုတော့မှ ညပိုင်းက အဖြစ်အပျက်တို့ကို
ပြန်လည်သတိရသည်
သူ ဘာလုပ်မိခဲ့တာလဲ.....
သူ....Pinky ရဲ့ သတို့သားကို မြူဆွယ်မိ
ခဲ့တာလား....
သူ့ရဲ့ ဆန္ဒတွေအတွက်လေ....
ဒါက.....
သေသင့်သည့် အပြစ်....
"ခဏ...Krist....ကိုယ်ထဦးမယ်...''
အတင်းတိုးဝင်နေသည့် သူ့ကို အသာ
တွန်းဖယ်ကာ ထဖို့လုပ်နေသည်
အလိုက်သိစွာ မတွယ်ကပ်ထားတော့ပဲ
စောင်တွေကိုပဲလုံးခြုံလိုက်တော့
လှုပ်ရှားမှုသေးသေးလေးက
နောက်ဘက်ဂိတ်ဝမှသည် ကျောရိုးထိတိုင် စူးနစ်နာကျင်သွားသည်
သူဟာခုထိ ပြဿနာရှာနေဆဲ....
အဆိပ်ကိုအဆိပ်မှန်းသိပါလျက်
သောက်ချင်မိဆဲ...
အတိတ်ကသောက်ခဲ့တဲ့ အဆိပ်တောင်
မပျယ်ချင်သေးဘူးလေ...
ခုပြန်သောက်ချင်ပြန်ပြီတဲ့လား....
""""""""""""""""""""
လူမရှိသည့် စားပွဲဆီ မရေမတွက်နိုင်အောင်ကြည့်မိရင်း...
သက်ပြင်းတွေချမိရင်း...
သုံးရက်ရှိပြီ.....
နေမကောင်းဖြစ်နေသည့် Krist ကို
ထားခဲ့ကာ အလုပ်ကိုလုံးပမ်းနေရသည်
နှင့် နေကောင်းသွားပြီလားပင်
ဖုန်းဆက်မမေးမိ....မမေးရဲ....
أنت تقرأ
Poison Of Past
عاطفيةတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
