Ep...10(z&u)

1K 89 1
                                    

"""""""""""""""""

"ဆရာ....နားတော့လေ....ကျန်တာတွေကို
ကျွန်တော်တို့ပဲသိမ်းလိုက်ပါ့မယ်....''

အလိုက်တသိဆိုလာသော Phi Young
ရဲ့စကားကြောင့် ကျေးဇူးတင်စကား
ပြောပြီး အဝတ်လဲခန်းထဲဝင်လာခဲ့လိုက်
သည်

အင်္ကျီလက်ကို တံတောင်ဆစ် ထိ
ခေါက်တင်ထားတတ်သော အကျင့်ကြောင့် ဟင်းပွဲများစွာချက်ပြုတ်
အပြီးတွင်....
သူ့လက်ဖျံမှာ မီးဟပ်ခံရမှုနဲ့ ဆီပူမှန်မှူ
ကြောင့် ဖြစ်လာသော အနီကွက်တချို့
ရှိနေခဲ့ပြီ

ဖြစ်ဖြစ်ချင်းရေခဲကပ်လိုက်ရင် သက်သာ
သွားမှာဖြစ်သော်လည်း
ပေတေနေတတ်သည့် သူ့အကျင့်ကြောင့်

Locker ထဲက လွယ်နေကျအိတ်လေးနဲ့
အတူ ဖုန်းကိုယူထုတ်လိုက်တော့
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့်
မီးပွင့်သေးသေးလေးကြောင့်...
တစ်စုံတစ်ယောက် ကိုသတိရသွားသည်

ဒီလပိုင်းအတွင်း သူ့ဆီ message ပို့တတ်
သူ ဖုန်းဆက်တတ်သူသည်
သိပ်မများလှ

ဒါပေမယ့်.....မရှိတာတော့လဲ မဟုတ်

သူ့ဘက်က မကြာခင်တော်စပ်ရတော့မည့်
ယောက်ဖလောင်းမှန်းသိနေပါသော်လည်း

ထိုသူဘက်ကတော့ မသိဘူးမဟုတ်လား

နေ့တိုင်းလိုလိုဖုန်းဆက်တတ်ပြီး
အလုပ်ကို မကြာခဏလာကြိုပေးတတ်
သူကို သူနားမလည်နိုင်တော့ပါ...

ပြီးတော့.....
တဖြည်းဖြည်း ပျော်ဝင်ချင်လာတဲ့
သူ့စိတ်တွေ...
သူဟာ အမှီမရှိပဲ မကြီးပြင်းနိုင်တဲ့
နွယ်ပင်လိုများဖြစ်နေသလား....

ဒါမှမဟုတ်
သုံးနှစ်ကျော် တစ်စုံတစ်ဦးကိုမှီတွယ်နေ
ထိုင်ခဲ့လို့များ
အကျင့်ပါသွားလေသလား....

သို့သော်...
ဒီတစ်ယောက်ကိုတော့ဖြင့်
သူ့မှာ ငြိတွယ်ခွင့်မရှိ... မငြိတွယ်ချင်....

!! မင်း အမြင်မှန်ရသင့်ပါပြီ Krist....
ယောက်ျားနှစ်ယောက်ရဲ့ ငြိတွယ်မှုဆို
တာ မြူမှုန်လေးတွေ လိုဆိုတာ....မင်း
သိသင့်ပြီ....!!

""""""""""""""""""""

"Hello ...''

"ကိုယ်လာကြိုမယ်လို့ စာပို့ထားတယ်လေ''

Poison Of PastWhere stories live. Discover now