Ep...21(z&u)

1.2K 99 2
                                    

""""""""""""""""

"Sing.....သားလည်း အိမ်ကိုတောင်
တစ်လမှတစ်ခါလောက်ပဲ ပြန်လာ
တယ်နော်....''

"ဟိုက အလုပ်နဲ့ပိုနီးတာ မေမေသိသားနဲ့''

တကယ်တော့ ဒါက ဆင်ခြေတွေ...
ဒီတလော သူ Krist ရဲ့အခန်းမှာပဲ
အအိပ်များနေတာ...

Krist ရဲ့ မတော်တတော် အင်္ကျီ တွေကို
ဝတ်ရတာကြိုက်သည်..

Krist ချက်တဲ့ ညစာ ကိုစားရတာလည်း
ကြိုက်သည်

အကြိုက်ဆုံးကတော့ Krist ရဲ့ ခန္ဓာကိုယ်
အိထွေးထွေးလေးကို ပွေ့ပိုက်ပြီး
အိပ်ရတာပဲ.....

"ဟဲ့....Sing...ကြားရဲ့လား...''

"ဗျာ...မေမေ ဘာပြောလိုက်တာလဲ... ''

"ဪ..... ဒီလောက် အနီးကပ် သေချာ
ပြောနေတာကို မကြားလိုက်ရဘူးဆို
တော့... ''

"ကျွန်တော် အလုပ်အကြောင်း တွေးမိလို့ပါ....''

!! အင်း......လုပ်စရာတွေအများကြီးပဲ!!

"သား ညီမ ပြန်လာမယ်တဲ့....အံ့သြစရာ
ပါလာမယ်တဲ့....မေမေဖြင့် သူ့ရဲ့အံ့ဩစရာတွေဆို ကြောက်လွန်းလို့''

အရင်တစ်ခါ အံ့သြစရာ တုန်းက
လက်ထပ်လိုက်တာမို့ မေမေကြောက်
မည်ဆိုလည်း ကြောက်ချင်စရာ...

"သူ့ ယောက်ျားပါလာမှာ နေမှာပေါ့
မေမေ ရယ်....''

"မသိဘူးအေ....မေမေတော့ ခပ်လန့်လန့်
ပဲ...''

"ဖေဖေရော မေမေ...''

"Golf ရိုက်တဲ့...အသက်ကကြီးပြီကို
မဟုတ်တာတွေက ဝါသနာပါချင်သေး..''

အသက်ကြီးသွားတဲ့ အမျိုးသမီး တိုင်း
စကားပိုများလာတတ်သလား....

မေမေက စကားအရမ်းများလာသလို
ဖေဖေ ကလည်း လွတ်ရာကျွတ်ရာ
ထွက်တတ်လာသည်

သူနဲ့ Krist ကတော့ ဒီလိုဖြစ်စရာ
မလိုဘူးပေါ့...
Krist ဘယ်လောက်ပဲ စကားများများ
သူက နားထောင်ပေးမှာမို့.....

"ညစာ စားပြီးမြှ့ပန်နော် သား....''

"ဟုတ် မေမေ...''

ဒီနေ့တော့ Krist တစ်ယောက်ထဲ ညစာ
စားရတော့မှာပဲ..

" သားတို့လက်ထပ်ပွဲကိုလည်း သားညီမ
ပြန်လာတုန်းလေးလုပ်လိုက်ရင် ကောင်း.မယ်ထင်တယ်..''

Poison Of PastWhere stories live. Discover now