Ep...12(z&u)

1K 89 2
                                        


"""""""""""""""""

"စားလို့ရပြီ....''

လက်ဖျံက အနီကွက်တို့ဆီ အာရုံရောက်
နေတာမို့..

"အပူလောင်ထားတာလား...''

"ဒါက ဖြစ်နေကျပါ...''

"သတိထားမှပေါ့....ဒီအလုပ်လုပ်နေပြီး
ဒီလောက်လေးမှ သတိမထားရင်..
အွင်း.....''

ပါးစပ်ထဲရောက်လာတဲ့ ကြက်ဥကြော်
တစ်ဖတ်...

"မနက်စာ စားဖို့လာတာမဟုတ်လား...
ဟင်းရည်ကို သိပ်မစပ်အောင်လုပ်ထားတယ်...
အစပ်မစားနိုင်ဘူးမို့လား...''

ပြုံးစိစိ မျက်နှာထားနဲ့ မော့မကြည့်ပဲ
ပြောနေတဲ့ ကောင်လေး...

ဆံပင်အုပ်အုပ်လေးနဲ့ မေးရိုးချွန်ချွန်လေး

ချစ်စရာကောင်းသည်..

"ဒါနဲ့...ဘယ်အချိန် ကလာစောင့်နေတာလဲလို့ မေးထားတာ
မဖြေသေးဘူးမို့လား..''

"M.......တကယ်က အိပ်မရလို့ နှစ်နာရီ
ထဲက ထလာခဲ့လိုက်တာ...''

"ဘာကြီး.....ဘာလို့ဖုန်းမဆက်လိုက်တာလဲ..''

မျက်မှောင်ကြုံ့ကာ မိုက်ကြည့်ကြည့်လာ
ပြန်သေးသည်...

ဟက် ချစ်စရာလေး.....

"ကိုယ်က မင်းအိပ်ရေးပျက်မှာစိုးလို့..''

"ဖြစ်ရလေ....ခင်ဗျားကတော့.....''

ပြောစရာစကားမရှိပြန်တာမို့...တိတ်ဆိတ်စွာ ထမင်းစားနေမိကြပြန်သည်

နို့စိမ်းတုံယမ်းဟင်းရည်နဲ့ သီးရွက်စုံကြော်
တစ်ခွက် ကြက်ဥကြော် နဲ့ထမင်းဖြူ
တစ်ပန်းကန်

ပြီးတော့ ရှေ့တည့်တည့် က မျက်နှာ
ဖောင်းဖောင်းလေးက ထမင်းပိုမြိန်စေတဲ့
ဟင်းတစ်ခွက်...

"ဒီနေ့ ဘယ်သွားမလဲ.....''

"အဟွတ်....ဟွတ်.....''

ဟင်းရည်သီးသွားသည် ထင်ပ
ချက်ချင်း နီစွေးလာသည့် မျက်နှာလေး
ချောင်းတဟွတ်ဟွတ်ဆိုးနေတာမို့
ရေခဲသေတ္တာထဲက ရေဘူးပြေးယူပြီး
ဖန်ခွက်ထဲထည့်ကာ ပါးစပ်နားထိ
ကပ်ပေးလိုက်သည်....

သူ့လက်နဲ့ကိုင်ထားဆဲ ရေခွက်ကို
မယူပဲ ကိုယ်ကိုကိုင်းကာသောက်သည်

Poison Of PastHikayelerin yaşadığı yer. Şimdi keşfedin