Ep...27(z&u)

1.1K 99 4
                                    


"""""""""""""""""""""

"အဆင်ပြေတယ်မလား...''

တည်ကြည်စွာရှိတတ်တဲ့ အစ်ကို့ရဲ့ပုံစံက
ပြောင်းမသွား...
မတွေ့ရသည့် တစ်နှစ်ကျော် နှစ်နှစ်နီးပါး
အတွင်းမှာ အဆင်ပြေနေခဲ့ပုံပါပဲ...

"ပြေပါတယ် အစ်ကို...အစ်ကိုရော...
ဒီမှာပဲ အခြေချတော့မလား...''

သူ့ကိုစူးစိုက်ကြည့်နေတဲ့ အစ်ကို့ရဲ့
အကြည့်တို့က ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့်
ပြည့်သျှမ်းနေတုန်း....
ဒါပေမယ့်....သူကတော့ဖြင့်
အရင်လိုမဟုတ်တော့လေပြီ....

" မသိသေးပါဘူး...ကိုယ့်သဘောဆိုရင်
တော့..... ကိုယ် ဒီမှာ နေနိုင်မယ်မထင်ဘူး
ဒါနဲ့....ကလေးရော...အဖေနဲ့ အဆင်ပြေ
ရဲ့လား....''

အရင်လို အသုံးအနူန်းမျိုး သုံးနူန်းနေဆဲ...
ထို့အတူ....
ထိုကဲ့သို့ သုံးနူန်းခေါ်ဝေါ်တတ်တဲ့
နောက်ထပ် ချစ်ရသူ....

"ပြေပါတယ်...မိဘနဲ့သားသမီးပဲလေ..''

"ကိုယ့်ကိုလိမ်ညာသွားတာ ကိုယ်သိတယ်
Pinky ကိုယ့်ကိုလာတွေ့ပြီးမှ
အဖေနဲ့အဆင်ပြေသွားတာမဟုတ်လား..''

"ပြီးသွားပြီပဲ အစ်ကိုရယ်....ခုချိန်မှာအဲ့ဒါ
တွေက အရေးမကြီးတော့ပါဘူး..
စပါးမစပ်...အစ်ကို့သားက အစ်ကို့ကို
တူတာပဲ...''

"ဟုတ်တယ်....ပြီးတော့......ကလေးလို
ပါးချိုင့်လေးလည်းပါတယ်...''

"ဟုတ်လား....ကျွန်တော် မသိလိုက်ဘူး..''

နာရီဝက်နီးပါး ချီပွေ့ထားလိုက်ရပေမယ့်
အပြုံးမမြင်လိုက်ရတာမို့ ပါးချိုင့်ပါမှန်းပင်
မသိလိုက်ရ...

"အင်း.....ဒါနဲ့....ကိုယ်နဲ့မဆိုင်မှန်းတော့
သိပါတယ်...အမ်....မမေးသင့်မှန်းလည်း
သိတယ်...ဒါပေမယ့် ကိုယ်သိချင်လို့
အဲ့ဒါက....ချစ်သူရနေပြီလား...''

ထိုစကားကိုပြောနေစဉ်တွင် အစ်ကို့
မျက်နှာထားသည် တကယ်ကြီး
သိချင်နေပုံပါပဲ....

တကယ်ကို လေးလေးနက်နက် မေးနေခြင်း....

အမှန်တရားကိုဖြေဖို့ သူ မတုန့်ဆိုင်းပါ...

ဒါပေမယ့် သူ မဖြေချင်....
ဖြေဖို့လည်းမလိုဘူးထင်တာပါပဲ

ချစ်ရသူကို နောက်တစ်ခါ မပိုင်ဆိုင်ရ
တောင်....
သူ့ချစ်ရသူကတော့ ပြောင်းလဲသွားမည်
မဟုတ်တော့...

Poison Of PastOnde histórias criam vida. Descubra agora