Ep...4(z&u)

1.2K 97 5
                                        


"""""""""

"Krist......."

ပခုံးကိုဆုပ်ကိုင်ကာ ခါရမ်းပစ်လိုက်တာမို့
နာကျင်မှုတို့ကပိုလာသည်

"အစ်ကို Nong Nora ကိုတာဝန်ယူပါ"

ပြောချင်သည့်စကားကိုတော့
အတိမ်းအစောင်း မခံပြောလိုက်သည်

"ညီ ကိုယ်တောင်းပန်တယ်လေကွာ
နော်.....ကိုယ့်ကို မခြောက်ပါနဲ့..."

မျက်ရည်တို့စီးကျလာပြီဖြစ်သော
အစ်ကို့ကို ရင်နာစွာသာ ကြည့်နေမိတော့
သည်

"ကျွန်တော့ အတွက်လွယ်တယ်ထင်သ
လား အစ်ကို အစ်ကို့ကိုကွာရှင်းပေးဖို့က
ကျွန်တော်မနာကျင်ရဘူးထင်လို့လား
ကျွန်တော့မှာ အစ်ကို ပဲရှိတာပါ
ဒါပေမယ့်... အစ်ကို့ကိုကျွန်တော့ထက်
ပိုလိုအပ်မယ့်လူတစ်ယောက်ရှိလာတော့
မှာ အစ်ကို....
အစ်ကို့ရဲ့ ကလေးကို
အဖေမရှိပဲကြီးပြင်းလာစေချင်တာလား
အဖေမပေါ်ပဲ..."

"တော်စမ်း....ညီ.....သူပြောတာကအမှန်မဟုတ်ရင်ရော
သူက ကိုယ်နဲ့ညီကြားပြဿနာဖြစ်စေ
ချင်လို့ ပဲ ဖြစ်မယ် အဲ့ဒါကအမှန်မဟုတ်
လောက်ဘူး....သူညာနေတာ....
နော်...ညီ..ထပ်မပြောနဲ့တော..
ဘာဖြစ်ဖြစ် ကိုယ် ညီနဲ့မကွာရှင်းနိုင်ဘူး"

"အစ်ကို..........."

ဒီတစ်ခါ အော်ဟစ်မိသူက သူ
သူ့ကိုအတင်းဖက်ထားသည့်
အစ်ကို့ဆီက ရှိုက်သံတွေနဲ့ ခန္ဓာကိုယ် က
ပါတုန်ယင်လာသည်
သူကိုယ်တိုင် ကလည်း ငိုနေခဲ့သည်မှာ
သူကိုယ်တိုင် သတိမမှူမိ

"Nong Nora က အဲ့လိုမိန်းကလေးမျိုး
မဟုတ်ဘူးဆိုတာ အစ်ကိုသိပါတယ်
ဒီကလေးကိုလည်း အစ်ကို့ကို
တာဝန်ယူပေးဖို့ လာပြောတာ
မဟုတ်ဘူး အစ်ကိုသိစေချင်လို့တဲ့
အစ်ကို့ရဲ့ကလေးကို သူမွေးမှာတဲ့ အစ်ကို
ကျွန်တော် ဘာလုပ်ရမှာလဲ အစ်ကို.."

"ဘာမှမလုပ်နဲ့ သူကမလိုဘူးလို့ပြော
တယ်မဟုတ်လား...."

"အစ်ကို......ကျွန်တော်အစ်ကို့ကို တာဝန်မယူတတ်တဲ့ အဖေ မဖြစ်စေချင်ဘူး...ကလေးက သူ့အပြစ်
မရှိပါပဲနဲ့ အဖေမပေါ်ပဲ မွေးလာရတဲ့
ကလေး အဖြစ် ကြီးပြင်းမသွားစေ
ချင်ဘူး...အစ်ကို
Nong Nora ဘက်ကိုလည်း အစ်ကို
စဉ်းစားပါဦး....သူ့ခမျာ သူ့မိသားစုကို
ဘယ်လိုရင်ဆိုင်မလဲ...သူက
မိန်းမကောင်းလေးပါ အစ်ကိုရယ်
အစ်ကိုသူတို့ကိုမရက်စက်ပါနဲ့....."

Poison Of PastWhere stories live. Discover now