"""""""""""""""""""
နောင်ထပ်တစ်ခေါက်ပြန်ရောက်လာသည့်အိမ်က အရင်အခေါက်ကအတိုင်း တိတ်ဆိတ်နေမြဲ......
ဆိုဖာပေါ်ထိုင်ချလိုက်ရင်း ပင်ပန်းနေသည့်ခန္ဓာကိုယ်ကိုခဏလျှော့ထားလိုက်သည်..ဆိုင်ကိုလည်းသွားရှာပြီးပြီ...
ညနေရိုက်ကွင်းကိုသွားပြီးထဲကဆိုင်ကိုပြန်မရောက်လာခဲ့ပါ တဲ့...ဖုန်းခေါ်ပြန်တော့လည်း စက်ပိတ်ထားပါသည်ဆိုတဲ့အဖြေနဲ့သာတိုးပြန်သည်...
ဘယ်တွေသွားနေခဲ့သလဲ....
ထူပူနေခဲ့သည့်အချိန်မှာ
Krist ရဲ့မိသားစုတွေရှိနေသေးတာကို သူသတိမရ...
ဖုန်းဆက်မေးဖို့ဆိုဝေးရော...သူသိသည်က Krist ကိုတွေ့အောင်ရှာရန်နှင့်
Krist ကျေနပ်အောင်တောင်းပန်ရန်သာဖြစ်သည်...အသက်ထက်ချစ်ပါသည်လို့
ကတိကဝတ်ပြုဖူးတဲ့သူက
ဘာမဟုတ်တဲ့ကိစ္စလေးကိုစိတ်ဆိုးပြီးချစ်ရသူရဲ့မွေးနေ့ကိုတောင်သတိမမူနိုင်ခဲ့လောက်အောင်ဖြစ်နေခဲ့သည်...
အခုသူ ကူရာကယ်ရာမဲ့စွာခံစားနေရသလို
သူ့ကလေးငယ်သည်လည်း ခံစားခဲ့ရပေမည်...
ထိုသို့တွေးမိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း
Krist ကိုလည်း စိတ်ပူလှသည်..ဒီအချိန်ကြီး
ဘယ်တွေသွားနေမလဲ..
တစ်နေရာရာမှာ သွားသောက်နေမလား
တစ်ခုခုများဖြစ်နေမလား...အချိန်ကိုကြည့်လိုက်တော့လည်း
အရမ်းကိုနောက်ကျနေပြီ...
နောက်တစ်ခေါက်ပြန်ထွက်ရှာဖို့စိတ်ကူးလိုက်ချိန်မှာပဲ
တံခါးဆီက တတီတီနဲ့သော့ဖွင့်သံကြားလိုက်ရတော့ လူလည်း ဆတ်ခနဲ...ပြန်လာပြီ...
ထရပ်လိုက်ပြီးမှ ဝင်ရောက်လာမည့်သူကို တောင့်မတ်မတ်အနေအထားနဲ့ပဲစောင့်ကြိုနေမိသည်...
တံခါးကိုပြန်ပိတ်ပြီးတာနဲ့
ဖိနပ်တွေကိုငုံ့ချွတ်နေတဲ့ သူ့ကလေးငယ်က သူ့ကိုမြင်သေးပုံမရ...သက်ပြင်းလေးလေးချလိုက်သံက
သူ့အတွက်တော့ မြေငလျင်လှုပ်သွားသလိုပင်..
ပြောဖို့ခက်တဲ့ဝေဒနာတစ်မျိုးက
သူ့ရင်ထဲလှည့်ပတ်မွှေနှောက်ကာ
အသက်ရှူရတာကိုပင်လေးလံသွားစေသည်....
YOU ARE READING
Poison Of Past
Romanceတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...