""""""""""""""
မျက်ခွံတို့ မို့မောက်လျက် လူငယ်လေး
သည် သူ့ကားထဲပါလာပြန်ပြီ...
ကားမှန်ကိုခေါင်းလေးမှီလျက် အပြင်ဘက်
ကိုငေးနေသော်လည်း
သူ့မြင်ကွင်းထဲမှာ ဘာမှရှိနေပုံမရ...
ဘယ်သူ့ကို လာလိုက်ပို့တာလဲ....
ညီကိုမောင်နှမလား...
အဲ့လိုဆို ငိုလိမ့်မည်လို့ သူမထင်ပါ
ဒါမှမဟုတ် ချစ်သူလား...?
ဒါကတော့ ဖြစ်နိုင်ချေ နည်းနည်းရှိသည်
ကောင်လေးရဲ့ ချစ်သူ....
ထိုအတွေးက သူ့ကို အနည်းငယ်တော့
ထိခိုက်မိသည်
အပြင်းအထန် မဟုတ်သေးတာကပဲ
တော်သေးသည်
Hotel zone တွေနားရောက်တော့မှာမို့
မြို့ထဲပဲသွားမှာလား အလုပ်ပဲ
သွားမှာလား...
အတွေးလွန်နေသည့် ကောင်လေးကတော့
ပတ်ဝန်းကျင် ကို သတိထားမိပုံမရှိတာမို့...
"မင်း...အလုပ်သွားမှာလား..မြို့ထဲပြန်မှာ
လား..."
တိတ်ဆိတ်နေတဲ့ ကားထဲ ကိုယ့်အသံက
ကျယ်သွားပုံပင်
ကိုယ်လေးတစ်ချက်တွန့်သွားပြီးမှ
"ရှေ့နားမှာပဲ ချပေးထားခဲ့ပါ ကျွန်တော်
အလုပ်ထဲသွားမှာ..."
"ရောက်အောင် ပို့မယ်လေ...Hotel
ရောက်ဖို့က ဝေးနေသေးတာကို..."
"ကျွန်တော် လမ်းလျှောက်ချင်သေးလို့ပါ.."
!!နေပူနေတယ်လေ....!!
လို့ပြောလိုက်ချင်သေးပေမယ့်
သူ့ကြည့်ရတာ အဲ့လိုလုပ်ချင်နေပုံပဲမို့
သူတို့ Hotel အဝင်လမ်းနဲ့ ခပ်လှမ်းလှမ်း
မှာ ရပ်ပေးလိုက်သည်
ခါးပတ်ကို ငုံ့ဖြုတ်နေပုံက အားအင်မရှိ
သည့် လူလို သူ လိုက်ပို့ရသည့် လူက
ဘယ်လောက်တောင် အရေးကြီးတဲ့လူလဲ
ဘယ်လောက်ထိ အရေးပါလို့....
"ကျေးဇူးတင်ပါတယ် Khun ခင်ဗျ..."
ကိုယ့်မျက်နှာကိုပင် မကြည့်ပဲ လက်အုပ်
လေးချီကာ နူတ်ဆက်သည်
ပြီးမှ ကားပေါ်က ဆင်းကာ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်သွားပုံက
ကိုယ့်ကိုပါ နာကျင်စေတာမျိုး.....
VOUS LISEZ
Poison Of Past
Roman d'amourတချို့သော အတိတ်တွေက လွမ်းဆွတ်တမ်းတဖို့ တချို့သော အတိတ်တွေက သင်ခန်းစာယူဖို့... ကျွန်တော်တို့ရဲ့ အတိတ်တွေကတော့ နာကျင်ဖို့...ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်........ အတိတ်မှာနာကျင်ရခြင်းက အနာဂတ်မှာ ပိုသတိထားနိုင်တာပဲမဟုတ်လား... ကျွန်တော်တို့... အကောင်းဆုံးကြိုးစ...
