Ep...25(z&u)

1.1K 95 8
                                    


"""""""""""""""

"လူကြီးမင်းက ကလေးပျောက်ကြောင်း
အကြောင်းကြားထားတဲ့လူလားခင်ဗျ
အခုစခန်းမှ ကလေးတစ်ယောက် ရောက်
နေပါတယ် လူကြီးမင်းရဲ့ကလေး
ဟုတ်မဟုတ်လာကြည့်ပေးပါ...
လူကြီးမင်းပြောထားတဲ့အသက်အရွယ်အရတော့ ဖြစ်နိုင်ချေများပါတယ်..
ကစားကွင်းအပေါက်ဝနားက ရဲစခန်းကို
လာခဲ့ပေးပါနော်..''

"ဟုတ်..ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်
ခင်ဗျာ..''

တုန်ယင်နေတဲ့လက်တွေနဲ့ Nora ဆီ
ဖုန်းခေါ်လိုက်ပြီး ကလေးတွေ့ပြီဆိုတဲ့
အကြောင်းပြောလိုက်သည်

အတူသွားမယ် ဆိုတဲ့စကားနဲ့အတူ
ကားပါကင်မှာ ဆုံဖို့..

"သားလေးပဲ ဖြစ်နေပါစေ...သားပဲဖြစ်မှာ
ပါ...''

ကိုယ့်ကိုကိုယ် အားပေးနေရင်း
ခြေလှမ်းသွက်သွက်နဲ့ပြေးလိုက်သည်

ကားနားရောက်တော့ Nora နဲ့အတူ
Nora အစ်ကိုပါ အတူရှိနေသည်

"ဘယ်မှာတဲ့လဲ Phi...Nora တို့သား
လေးရော ဟုတ်ပါ့မလား...''

"ကိုယ်တို့သွားကြည့်ကြတာပေါ့...''

မောင်းသူအသင့်ရှိနေသည့် ကားပေါ်
တက်လိုက်ပြီး ရဲစခန်းကို
ခပ်လောလောထွက်ခဲ့ကြသည်

ရင်ထဲမှာတော့ တောင်းဆုကိုယ်စီဖြင့်

!! ကျေးဇူးပြုပြီး သားလေးပဲဖြစ်နေပါစေ!!

"""""""""""""""""""""

ကောင်းရော.......

ဒီလောက်လေးသည့် ကလေးကို
ပွေ့ချီကာ သိပ်နေရသည့်အဖြစ်က
သိပ်မသက်သာလှ....

ဒါပေမယ့်လည်း...
ကလေးက သူ မှ သူ...
ရဲမေ တွေပွေ့ချီကူမည် လုပ်ကြသော်လည်း တောက်တဲ့ထက်ဆိုး
အောင် တွယ်ကပ်ထားတာမို့..
သူ့မှာ အနိုင်နိုင်ပွေ့ချီထားဖို့ပဲ လုပ်ရ
တော့သည်

" ခဏပဲသည်းခံပေးပါဦးနော်...လာနေပြီလို့
ပြောပါတယ် နီးလည်းနီးတာမို့မကြာခင်
ရောက်လာမှာပါ....''

ပုခုံးထက်မှီတွယ်ကာ အိပ်ပျော်နေသည့်
ကလေးကို နိုးသွားမည်စိုးတာကြောင့်
ခေါင်းကိုပဲအသာညိတ်ပြလိုက်ရသည်

Poison Of PastWhere stories live. Discover now