Ep...6(z&u)

1K 92 0
                                    


""""""""""""""""

"အဲ့ဒီတော့...Phi တစ်ယောက်ထဲ
အရင်ပြန်ခဲ့တာပေါ့....Phi ယောက်ျားက
နောက်မှလိုက်လာခဲ့မှာ...အဲ့လိုပေါ့"

လိမ်ညာထားရသည့်အတွက်
သူ့ညီမသူပင် စေ့စေ့မကြည့်ရဲပါလေ
ဒါပေမယ့်လည်း......
မလိမ်လို့မှမရပဲ.....ကွာရှင်းပြီး ပြန်လာ
ခဲ့ပါသည် ဆိုလျှင်
ဖေဖေ ခန့်မှန်းခဲ့သလိုဖြစ်သွားတော့မည်
မဟုတ်လား....

"အင်း.....သူက မန်နေဂျာဆိုတော့
အလုပ်များတယ်လေ company က
လည်း သူ့ကိုလက်မလွှတ်ချင်ဘူး..
အဲ့ဒါကြောင့်မို့.... "

"ဒါဆို ရှေ့ကိုရော ဘယ်လိုလုပ်မလဲ
Phi ကဒီမှာပဲနေ သူက ဟိုမှာပဲနေ
အဲ့လိုနေကြမှာလား..."

"အဲ့ဒါက Phi တို့မစဉ်းစားရသေးဘူး
နောက်မှပဲ ဖြည်းဖြည်း စဉ်းစားမလို့.."

စူးစမ်းသလို အကြည့်တို့ကို
ရှောင်လွဲပြီး ရှေ့ကရေခွက်ကိုယူသောက်
နေလိုက်သည်
ပြီးမှ

"Pinky နင်ငါဒီမှာရောက်နေတာ
ဘယ်သူ့ကိုမှ မပြောခဲ့တာသေချာပါ
တယ်နော်..."

စေ့စပ်ပွဲ ပြီး၍ နောက်နှစ်ရက်မှာမှ
သူ့အခန်းကိုလာသည့် Pinky ကို
သိပ်တော့မယုံ

"Phi.....သေချာတယ်...တကယ်ကြီးကို
သေချာတယ်...ဘိုးဘိုး ကိုတောင်
မပြောခဲ့ပါဘူးဆို....ဒါနဲ့ ဘိုးဘိုးကို
ဘာလို့မပြောသေးတာလဲ...Phi
ဒီရောက်နေပြီဆိုတဲ့အကြောင်း.."

"ငါ...ဘိုးဘိုးကို surprise လုပ်ချင်လို့
ငါကိုယ်တိုင်သွားတွေ့ချင်လို့...."

တကယ်က....ရင်မဆိုင်ရဲတာ
ဘိုးဘိုးရှေ့ရောက်လျှင် ဟန်ဆောင်ပြီး
ပြုံးပြနေနိုင်မှာမဟုတ်လို့....
ရင်ဘတ်ထဲက ဒဏ်ရာအနာတရ
မှန်သမျှ အံထုတ်ပြမိမှာမို့.....

"ဒါဆို ဘယ်နေ့သွားတွေ့မှာလဲ...ဖေဖေ
မရှိတဲ့နေ့မှ ဖြစ်မယ်နော်...."

"အင်းပါ..ဖေဖေနဲ့မေမေလေး မရှိတဲ့နေ့
ပေါ့ နင်ကစုံစမ်းပေးလေ..."

"Ok ok..."

ပေါ့ပါးသွက်လက်သည့် ညီမလေးက
တခါတလေ လူကြီးလိုတွေးတတ်သလို
တခါတလေ ကလေးလိုဆိုးတတ်နေသေး
သည်

"ဒါနဲ့ နင့်လူကြီးကချောသားပဲ...ငါ့ညီမ
လူရွေးတော်တယ်..."

ပြုံးကာ လက်မထောင်ပြလိုက်တော့
မဲ့ပြသည်

Poison Of PastWhere stories live. Discover now