ep6 .

1.1K 69 0
                                    


At 9:00pm

အကင်နံ့တွေနဲ့အတူ ယမကာအနံံ့တွေပါ.
ထောင်းထောင်းထနေတဲ့ဒီအခန်းတွင်းမှာက..
Tanapon groupရဲ့ဝန်ထမ်းသစ်ကြိုဆိုပွဲကြောင့်
ပွဲကျနေတာမျိုးပါ.ဒီတွင်saintကတော့ရေသောက်ဗိုက်မှောက်ဖို့ကြံစည်နေသူပါ..

''မရဘူးနော်သောက်ရမယ်
Comမိတ်စုံစားပွဲမှာငြင်းလို့မရဘူး ဒါထုံးစံပဲ''

''ဟုတ်တယ်လာ.လာ
သောက်ဆိုသောက်ရမယ်''

တယောက်ထပ်မက.ဝိုင်းကာဆော်သြလေတာက.
သူတို့နဲ့အတူတသားတည်းဖြစ်စေရန်အဖို့..
ကျွန်တော့်တွင်လည်းငြင်းရန်အကြောင်းကရှိနေတာမို့.
ငြင်းကာငြင်းကာနဲ့ပဲဒီအချိန်ထိတောင့်ခံလာတာပါ.

''မသောက်ချင်တာတော့
မဟုတ်ပါဘူး ကျွန်တော့်maeကမကြိုက်လို့
.အမြည်းဝိုင်းစားရင်ရော..''

maeကအရက်သေစာမပြောနဲ့
နားတောင်ပေးဖောက်တာမဟုတ်ဖူး
ကျွန်တော့်မှာလူငယ်ဆန်ဆန်မနေရပေမယ့်.
maeကိုလွန်ဆန်လိုစိတ်ကလည်းတပြားတစိပင်မရှိပြန်ပါ..

''အဲ့ဒါဆို မေမေချစ်သားလေးပေါ့ထားပါ..များများမရရင်
တစ်ခွက်လောက်တော့လုပ်.တခွက်ပဲ..''

''အာ..ဟုတ်..အဲ့ဒါဆိုလည်း အဖွဲ့မှူးသဘောပေါ့
တစ်ခွက်ပဲနော်..''

အားနာနာမျက်နှာပေးနဲ့ကမ်းပေးလာတဲ့ခွက်ကို
မော့သောက်ဖို့ပြင်ခိုက်.ရောက်ချလာတဲ့လူက.
ကျွန်တော့်အားမူးဝေစေတော့မယ့်သူ.

''ဟာ..သူဌေး.ဒီဘက်..''

အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး.
အဖွဲ့မှူးဆိုသူတွင်တော့ပိုသာတဲ့အမူအရာနဲ့..
ကဲကြည့်အားလုံးတောင်အမူးပြေသွားကြပြီမှတ်ရတယ်.

''နေနေ ရတယ်
ထစရာမလိုဘူး ဒီဖက်နားလမ်းကြုံရင်း.အဖွဲ့မှူးတို့အသံ
ကြားတာနဲ့.ဝင်ခဲ့လိုက်တာအဆင်ပြေကြတယ်မလား..''

''ဟုတ်ကဲ့..ကျွန်တော်တို့အတွက်တော့
ပြေပါတယ်..သူဌေးအတွက်က အနံ့တော့နည်းနည်း
(ကြက်ကင်နံ့တွေကတလူလူနဲ့လေ)
အဆင်ပြေရဲ့လား..ကျွန်တော်တို့ဝိုင်း
သိမ်းလိုက်ရမလား..''

''အာ..မဟုတ်တာ
ဒီအနံ့လောက်တော့.ရပါတယ်ဘာမှမဖြစ်ဘူး.''

ဒီလိုနဲ့ကိုယ်နံ့သင်းသင်းလေးရှိရာ.saintအနားကြားတိုးဝင်လိုက်တဲ့perth.ပြီးနောက်.

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now