ညက ငယ့်ခြေထောက် အပူလောင်သွားတာမို့
လမ်းလျှောက်လို့ပင်သိပ်မကောင်းကြွေစသည်လည်း ထိမှန်ခဲ့သေးသည်မလား ပြန်တွေးမိတိုင်းအားနာစိတ်ကသာ တိုးလို့ရယ်ပါ.ကျွန်တော့်ကြောင့်မလား ငယ် ထိခိုက်ခဲ့တာကလေကိုယ်ဝန်နဲ့ဆိုတော့ ငယ် က နုနုယ်လွန်းတယ်
ခါတိုင်းနေကောင်းရင်တောင် ချွဲတတ်တဲ့ ငယ်က
အခုချိန်ခါမှာဆိုပိုဆိုး ကုတင်ပေါ်ကကို မဆင်းရအောင်ကို
တရစပ်ခိုင်းနေတာကကျွန်တော့်ကိုပါ.မိုးလင်းကနေရှာကြံခိုင်းနေတာ
အခုနေ့လည်ထမင်းစားချိန်ရောက်တာတောင် မနားရသေး.အထွန့်ကလည်းမတက်ရဲဘူး ကိုယ့်ကြောင့်ဆိုတာကြီးက ရှင်းနေတယ်မလား''ပါး...ငယ်.ပီဇာစားချင်တယ်...''
''ပီဇာ?..ငယ်.စားချင်စိတ်ဖြစ်လာလို့လား''
''အင်း..စားချင်တယ်''
''ဒါဆို ကိုယ်မှာပေးမယ်''
တမနက်လုံးခိုင်းလာသမျှထဲမှာ အစားအသောက်တော့မပါခဲ့
ထူးဆန်းသည်က ငယ်အရင်လို.မစားတာကြာပြီ.
စားချင်စိတ်မရှိဘူးဆိုပြီးငြင်းလွှတ်တာမျိုးပေါ့.
ဟိုအရင်ကိုယ်ဝန်နုစဉ်ကအစားပုတ်လေးကိုတောင်
သတိရမိပါတယ်ဗျာ..''ဟင့်အင်း..ပါး..ကိုယ်တိုင်ဝယ်ပေးတာပဲ.စားချင်တာ..''
''ဒီတိုင်းလေးပဲမှာစားရအောင်လား.ကိုယ် ငယ့်ကိုစိတ်မချဘူး
ခြေကထောက်လို့တောင်မရဘူးမှတ်လား''''မစားချင်ဘူး.ပါးကိုယ်တိုင်ဆိုင်ကနေသွားဝယ်ပေး..''
ကိုယ်လုံးလေးကိုယမ်းခါရင်းပူဆာနေတဲ့ငယ်
ကြက်တောင်စည်းကတော့ .တလှုပ်လှုပ်နဲ့မို့ အသက်ပေါ့ဗျာ
ချစ်ရပါတယ်ငယ်ရယ်.''မဆိုးနဲ့လေကွာ..မှာလိုက်မယ်နော်''
''မနာတော့ဘူး.ကောင်းနေပြီ.ခြေထောက်က ကြည့်ပါလား''
ကုတင်ပေါ်ကဆင်းပြီး လမ်းလျှောက်ပြတဲ့ငယ်က တကယ့်အကောင်းတိုင်းလူတယောက်လို..ကိုယ့်ကိုဒီလိုမျိုးညာခိုင်းတယ်ပေါ့..
''ဟူး.....အညာခံရတာပဲ..''
''စားချင်တာမဝယ်ပေးဘူးပေါ့လေ.maeရေ့ သားအဖြစ်ကိုလာကြည့်ပါအုံးခြေထောက်ကလည်းနာ
ယောကျ်ားဖြစ်သူကလည်း.ဂရုမစိုက်
စားချင်တာဆိုရင်လည်းမစားရတဲ့ဘဝ
ဘယ်သူမှမသနားကြတော့ဘူးလား.အီးဟီး..အဟင့်..ရွှတ်''
YOU ARE READING
အခ်စ္႐ွိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...