At Tanapon Groupတနေ့ကဆက်ဆံရေးတချို့အပြီး.ငယ်နဲ့ကျွန်တော်သိပ်စကားမပြောဖြစ်ပါ..သီးသန့်ချည်းဆန့်ကျင်နေကြတယ်တော့မဟုတ်..သူ့နေရာသူနေ ကိုယ့်အလုပ်ကိုယ်လုပ်သဘောနဲ့သာပါ.
အိမ်အကူအန်တီရဲ့အလုပ်နားရက်လည်းပြည့်ပြီမို့.ဒီနေ့တော့အဖော်ရှိလောက်မှာပါ..ကျွန်တော်ကတော့အလုပ်မှာစိတ်နစ်ရင်း တရက်တာကိုကုန်စေဖို့ကြံပါတယ်.~~~~
၂ရက်အကြာထိ.တနေ့ကသက်ရောက်မှုဟာအရှိန်မကျသေး.
ဒီအခြေနေက နေသားကျဖို့ခဲယဥ်းမှန်း တရက်ထပ်တရက်ကျွန်တော်ပိုခံစားလာရတယ်.ဒါပေမယ့် ဘယ်နည်းလမ်းကသူ့အနားပြန်သွားဖို့လွယ်ကူနိုင်မှန်းမသိပါ.အသားချောင်းတွေကိုအရစ်ရစ်ဖော်ပြီး.ဒီတွင်ကြော်ဖို့ကြိုးစားနေတာက saint..နောက်တခါထပ်မလုပ်ဖို့သူတားထားပေမယ့်.
နေ့လည်စာထမင်းဘူးကိုတော့ saint တယောက်ပြင်ပေးချင်ပုံပါ.ဖုန်းစကားတချို့တဝက်ကိုp'nickနဲ့ပြောအပြီး.နေ့လည်ခင်းcomမှာသူရှိနေမယ့်အကြောင်းကျွန်တော်သိရပါတယ်...နည်းနည်းတော့အနေခက်နိုင်ပေမယ့်.ကျွန်တော်လိုက်သွားချင်မိတယ်ရယ်..
~~~~
မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ comကို.နေ့လည်စာစားချိန်အမှီကျွန်တော်ရောက်ချလာပါပြီ..လက်တဖက်မှာကသူ့အတွက်ထမင်းဘူးနဲ့ကျန်တဖက်မှာကလုပ်ဖော်ကိုင်ဖက်အဟောင်းတွေအတွက်အသီးခြင်းကိုဆွဲပြီး..သူ့ရုံးခန်းဆီသာတိုက်ရိုက်သွားဖို့ကြံပါတယ်..
ကျွန်တော့်ပုံစံက လွန်ခဲ့တဲ့လတွေက saintနဲ့လက်ရှိပုံစံsaintနဲ့ကလားလားမှမသက်ဆိုင်နိုင်..အဖြူရောက်ကိုယ်ဝန်သည်အကျီ်နဲ့အတူ.မှိုလုံးကေကလူမရိုသေရာကျနိုင်ပေမယ့် သူ့သဘောကျပြင်ဆင်ပေးထားတဲ့အနေအထားပါ..ကျွန်တော့်ကိုယ်ကျွန်တော်သတိထားမိပေမယ့်.ခုနောက်ပိုင်းသူ့အတွက်ကိုသာဦးစားပေးချင်နေတာမျိုး..
''အိုး..N'..ရောက်ပြီဆိုရင်လည်းပြောမှပေါ့..အလေးတွေသယ်လာရလား..''
''ကျွန်တော်နိုင်ပါတယ်.p'nick..နောက်ပြီးသူရော..အထဲမှာပဲလား..''
''အာ..ခန..p'ကအခုနေပဲအပြင်ကပြန်ရောက်လို့.''
YOU ARE READING
အခ်စ္႐ွိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...