ep20 .

1.1K 60 4
                                    


ခုဆို ကျွန်တော်တို့ ကလေးလေးကလည်း
လူ့လောကကိုရောက်လာဖို့က အချိန်တွေပိုနီးလာခဲ့ပြီလေ
၄လဆိုတဲ့အတိုင်းအတာမှာလုံလောက်တဲ့ဖွံ့ဖြိုးမှုတခုတော့ဖြစ်လာပါပြီ

ဟိုလူကြီးနဲ့ဆက်ဆံရေးကလည်းအရင်ကလောက်မခါးသီးတော့ခါးသီးတယ်ပြောရအောင်လည်း အပြန်အလှန်တော့မဟုတ်ပါကျွန်တော့်ရဲ့တဖတ်သတ်ဆန်မှုတွေပါပဲ

တဖြည်းဖြည်းနဲ့ကျွန်တော့်စိတ်ကပြောင်းလဲဖို့ လက်ခံလာပြီထင်အားလုံးကပြီးပြီးသားပင်မဟုတ်လား
သူ့ကိုလည်း ကျွန်တော့်အရိပ်အကဲ.မကြည့်ပဲ လွတ်လွတ်လပ်လပ်နေစေချင်ပါတယ်

လာမယ့်အချိန်တွေမှာဆိုကိုယ်တွေကမိဘနေရာရောက်တော့မှာလေမနက်မိုးလင်းတာနဲ့ တွေ့နေကြရပေမယ့်
အနေကစိမ်းနေမိတယ်ခုလည်း ထမင်းစားပြီးတာနဲ့
ထ ထွက်သွားတဲ့ သူကျွန်တော်အနေခက်မှာစိုးလို့
မျက်နှာချင်းကြာကြာမဆိုင်ဘူး

သူစိတ်မကောင်းဖြစ်နေတာကိုလည်း
ကျွန်တော်ရိပ်မိပါတယ်အမျိုးမျိုးဘက်စုံထောင့်စုံက
အလျော့ပေးနေတာတောင် ကျွန်တော်က
မပြောင်းလဲပေးတာကိုးအားတော့နာမိပါတယ် ခင်ဗျားရယ်
ကျွန်တော်လွန်မှန်းတော့သိထားပါတယ်

နှစ်ယောက်အတူ ထမင်းလက်စုံစားပြီး
ကျွန်တော် လုပ်နေကြအတိုင်း စာကြည့်ခန်းကိုဝင်
comကပါလာတဲ့အလုပ်တွေကိုလုပ်
ပြီးရင်ငယ့်ဘေးကအခန်းမှာဝင်အိပ်
အရင်ကလို ခနခနမဝင်ကြည့်ဖြစ်တော့ပေမယ့်
ကျွန်တော်အိပ်ခါနီးနဲ့ ညလယ်လောက်ဆိုရင်တော့
ငယ့်အခန်းကိုဝင်ကြည့်မိတုန်းတမိုးအောက်တည်းဆိုပေမယ့်.စိတ်ပူရတာပဲမလား

ငယ့်ဘေးအခန်းမှာအိပ်တာကို ကျွန်တော်နေသားကျသလို
ဖြစ်လာပေမယ့် နေသားမကျချင်ကျွန်တော့်နေရာမဟုတ်ဘူးမလားဖြစ်သင့်တာက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ
အိပ်နေတဲ့ ငယ့်ဘေးကနေရာမှာမလား
ညစဉ်ညတိုင်း ရင်ခွင်ထဲထည့်အိပ်ချင်မိတဲ့ကျွန်တော့်ရဲ့ဆန္ဒ
ညစဉ်ညတိုင်း.ငေးကြည့်ချင်တဲ့ကျွန်တော့်ရဲ့ကြယ်လေး
ဘယ်တော့များမှဖြစ်လာမှာလဲ..ဒီဆန္ဒတွေကလေ

ဒေါက်ဒေါက် (တံခါးခေါက်သံ).

''.ဝင်ခဲ့..''

ခပ်ထန်ထန်လေသံက အလုပ်ထဲစိတ်နစ်ထားရာမှ
ရုတ်တရပ်ထွက်ကျသွားတဲ့အသံ..တကယ်တမ်း.ကော်ဖီခွက်ကိုင်ရင်းဝင်လာခဲ့သူကsaintတယောက်ဖြစ်နေတဲ့အခါ.

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now