ep52(B)

647 62 3
                                    

🐯အား..ငယ်..မလုပ်နဲ့!!..
ငယ့်!!!!...

🐉လွှတ်..လွှတ်.ခင်ဗျားလွှတ်..

👶ဝါးးးး ဝါးးးး

🐉သေမယ်.သေပစ်မယ်
ကျွန်တော်သေမယ်.လူယုတ်မာ
လူယုတ်မာလွှတ်..လွှတ်
မပေးနိုင်ဘူး..ကျွန်တော့်ကလေးလာမထိနဲ့
မပေးနိုင်ဘူး..

👶အူဝါးးး
(saint လက်ထဲက ကလေးကို
အတင်းတွေလုယူရင်း
ခနက တံခါးကိုတွန်းကာထားတဲ့
စားပွဲပေါ် အပြေးအလွှား
သွားတင်ထားမိတယ်
ထားပြီးတာနဲ့ ချက်ချင်း
လှည့်ပြေးလာသော်လည်း
ဝရန်တာဘောင်ပေါ် ကုပ်ဖက်တက်နေတဲ့
saintကြောင့်ဖြင့် perthမှာ
နှလုံးရပ်၍သေမတတ်..
လက်ထဲတွင်လည်းရဲရဲနီနေသော
သွေးစတို့သည်လည်း
အဆမတန်ကျဆင်းလျက်
ခြေဖဝါးပြင်တလျောက်ကတော့
ကြည့်မရဲအောင်ပါ..
saintက တကယ့်စိတ်ကြီးတဲ့ကလေးတယောက်ပါ..)

🐯ငယ် ကိုယ့်ကိုအရင်သတ်
အရင်သတ်..ကိုယ်တောင်းပန်ပါတယ်
တောင်းပန်ပါတယ် ငယ်ရယ်
ဒီထက်ပိုပြီး ငယ့်ကိုယ်တိုင်နာကျင်ရအောင်
မလုပ်ပါနဲ့လား..

🐉လွှတ်..အီးဟီး..လွှတ်..
Darli. Darli. ခင်ဗျားသတ်တာ
ခင်ဗျားကားနဲ့တိုက်သတ်လို့ သေခဲ့တာ..
ခင်ဗျားသတ်တာ လူယုတ်မာရဲ့
ကျွန်တော်ရှက်တယ်..ကိုယ့်ကြောင့်
သေသွားရတာကိုမသိတာတောင်မကဘူး
လူသတ်ကောင်ဖြစ်တဲ့ခင်ဗျားနဲ့အတူနေနေတဲ့
ကျွန်တော်က..ကျွန်တော်က..
အဲ့နေ့ကတည်းက
သေလိုက်ရမှာ..darliမဟုတ်ပဲ
ဒီကကောင်ကသေလိုက်ရမှာ..
သေရမှာ..(မျက်နှာတွေပိတ်ရိုက်ရင်း
ဝရန်တာအား ကျောမှီကာငယ်ထိုင်ချလိုက်ပါပြီ)

🐯အားလုံးက ကိုယ့်အပြစ်ပါ.
ကိုယ့်တယောက်တည်းအပြစ်ပါ
ကိုယ်ငယ့်ကို ချစ်!!

🐉ပိတ်ထား..မကြားချင်ဘူး..
အဲ့စကား..ခင်ဗျားဆီက
ကျွန်တော့်ကိုချစ်ပါတယ်လို့
ထပ်မထွက်လာနဲ့..
အဲ့စကားပြောဖို့တောင် ခင်ဗျားကတန်လို့လား
ဒီနေ့ထိ ဘာမှမဖြစ်သလို
နေနိုင်ခဲ့တဲ့ ခင်ဗျားကို
ကျွန်တော်တွေးတွေးပြီး အံသြလို့မဆုံးဘူး..
ခင်ဗျားချစ်ပါတယ်တဖွဖွပြောပြီး
ခင်ဗျားအနားမှာ
ခေါ်ထားခံရတဲ့ ကျွန်တော့်ကိုရော
လှည့်စားလို့မှကောင်းခဲ့ရဲ့လား
လိမ်ညာလို့မှကောင်းခဲ့ရဲ့လား
ခင်ဗျားဖြေ..ခင်ဗျားဖြေ..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now