မွေးနေ့မရောက်မီ ၂ ရက်အလို..
မနေ့က ညီ့ကို
လေဆိပ်လိုက်ပို့ပြီး
သတိတရ မှာခဲ့မိသည်က.
"နှလုံးသားရဲ့ မျက်နှာမူရာကိုသာ
ညီခံစားပါ..ညီ့ခံယူချက်တွေကို
ကိုကို မဝေဖန်လိုပေမယ့်
အရိုးရှင်းဆုံးရှင်သန်ပါ..
အမြဲတမ်းညီ့ဘက်ရပ်ပေးမှာမို့
ရွေးချယ်ရာမှန်ကန်ပါစေ..ညီ"ကျွန်တော်မှာသမျှကို
တခွန်းမျှ စကားပြန်မလာပေမယ့်
ညီသေချာနားထောင်နေသည်က
ညီ့မျက်ဝန်းတွေကနေတဆင့်
သိပါတယ် ညီ.
သုံးသပ်မိမယ်လို့လည်း.
ယူဆလိုက်ပါတယ်..ညီ့လေယာဉ်ထွက်တဲ့ထိကို.
maeနဲ့ ကျွန်တော်စောင့်နေပေးခဲ့တယ်.
maeကတော့ မျက်ရည်စတွေ
ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
တင်းခံထားလေရဲ့
သူ့သားငယ်ကိုအရမ်းချစ်တာမို့ပါ..
မခွဲချင်ဘူးလို့ခနခနmaeက
ပြောပေမယ့်..ညီ ကလည်း
ခွဲချင်တယ်ရယ်လို့တော့မဟုတ်ပေ
မောပါတယ်ဗျာ...
ဘယ်လိုအချစ်မျိုးနဲ့ပဲချစ်ချစ်
ချစ်ပြီးရင် အနည်းနဲ့အများတော့
ခံစားကြရမှာပဲ...ဒါကဓမ္မတာတခုမို့လေ.အိမ်ပြန်ရောက်တော့ p'meanက
ရောက်နှင့်နေပါပြီ..ကျွန်တော့်ကို
မြင်မြင်ချင်းအရင်ကနဲ့
မတူတဲ့ အကြည့်မျိုး
တနည်းပြောရရင်.စိတ်ငယ်နေတဲ့
အကြည့်မျိုး..တကယ်လည်း
ကျွန်တော်.p'meanအတွက်
စိတ်ထဲတကယ်မကောင်း.
ဝင်ကူပြောပေးလို့ရတဲ့ ကိစ္စမဟုတ်တော့
ကျွန်တော်ကသာ.ကြားထဲက
အားနာနေမိတယ်..🐯ဟေ့ရောင်.မျက်မှေး.
ငါ့သားပြန်ခေါ်လာတော့..💙ငါချီတာဘယ်လောက်ကြာသေးလို့လည်း
အဖြစ်လာသည်းမနေနဲ့.🐯မသိဘူးကွာ..
ငါ့သားကြည့်ရတာ မင်းဆီမှာ
မပျော်ပုံအဲ..လာစမ်းပါကွာ
ငါ့သားပြန်ပေး🐉:ဘယ်လိုဖြစ်နေလည်း..ပါး
သူများက ချစ်လို့ချီတာကို..💙အေးလေ..N'ပဲပြောတော့
အလကား.တုန်တက်နေတာများ
မြင်မကောင်း..🐯ဘာကိုအလကားတုန်နေရမှာလဲ
မင်းမလာခင်ကတည်းက
ငါ့သားကိုငါ့လက်က
ချတာမဟုတ်ဘူး..စိတ်မချလို့
ခုလည်း မင်းမျက်စိပေါက်ကျဉ်းကျဉ်းနဲ့
ဟိုမမြင်ဒီမမြင် မှောက်လျက်လဲမှ
ငါ့သား ထိခိုက်မယ်
မင်းအမျိုးကန်းတာအရေးမကြီးဘူး..
ငါ့သားကအရေးကြီးတယ်ကွ
ပြန်ပေးဆိုပြန်ပေး..
YOU ARE READING
အချစ်ရှိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...