ep10 .

1.2K 65 4
                                    

maeတို့ရဲ့.နားချမှုတွေကြောင့်ရော
အချိန်ကာလအပိုင်းအခြားတခုအနေနဲ့ရော
ကျွန်တော်မေ့ပစ်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်
ခွဲခွာသွားတဲ့သူကခွဲခွာသွားပေမယ့်
အသက်ရှင်.ကျန်ရစ်သူကတော့
လုပ်သင့်တာကိုလုပ်ရမည်မလား

ခုကျွန်တော်လည်းအလုပ်ပြန်ဝင်နေပြီ
စိတ်သစ်လူသစ်အဖြစ်ပေါ့
မတော်တဆမှုကြောင့်ကျွန်တော့်လက်ဒဏ်ရာကို
ကုသပေးဖို့ သီးသန့်ထားပေးတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆရာဝန်က ညွှန်ကြား​ပေးတဲ့အတိုင်း.တရက်မပျက်ဆေးသောက်ခဲ့လို့
အရှင်းပျောက်နေပါပြီ

ဒါလည်းp'perthက.ကြီးကြပ်ပြီး ကျွန်တော့်ကို
အတော်ဆုံးဆရာဝန်လက်မှာအပ်ပေးခဲ့လို့ပါ
ဒါမယ့် ဒီလဝက်လောက်ကနေစပြီး
ကျွန်တော့်ရင်ထဲတလှပ်လှပ်နဲ့နုံးချိသလိုခံစားနေရတယ်
တခါခါဝမ်းဗိုက်ထဲကနေလည်း
ထိုးပြီးအောင့်တာမခံနိုင်အောင်ပဲ
ကျွန်တော်သောက်နေရတဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုး
ဖြစ်နေမလားအထင်နဲ့ဆရာဝန်ပြန်ပြပေမယ့်
သောက်ဆေးသာ.ထပ်ပေးနေပြန်တယ်.

အားရှိအောင်နေ.အစာစားချင်စိတ်မရှိလည်း
ဝင်အောင်စား.ဆေးကတော့လိုအပ်လို့
ထပ်သောက်ရလိမ့်မယ်လို့သာ မှာနေဆဲပါ
သေချာတာတစ်ခုက.ကျွန်တော့်ကိုယ်ဟာ
အရင်ကလိုမဟုတ်ပဲ.တစ်ခုခုပြောင်းလဲနေပြီ.ဆိုတာပါ

~~~~

At Tanapon group

''P'nick.ဒေါက်တာ့ဆီက ဘာကြားသေးလဲ''

P'nick:အခြေအနေကောင်းတယ်.ကိုက်ညီတယ်လို့ပြောပါတယ်
အကိုလေ

''အင်း..ကိစ္စပြီးရင်.နိုင်ငံခြားပို့လိုက်''

''ဟုတ်ကဲ့ အကိုလေး..ကျွန်တော်ပြင်ဆင်ပြီးပါပြီ.''

''ကောင်းတယ်..ဒါဆိုp'nickသွားတော့.''

''ဟုတ်ကဲ့အကိုလေး''

ကိုက်ညီမှုရှိတယ် တိုးတက်မှုရှိတယ်ဆိုတဲ့အဖြေစကားက.
ကျွန်တော့်ကိုအားတက်စေခဲ့ပြီ..အချိန်တခုကြာ ရင်းနှီးခဲ့တဲ့ဒီကိစ္စက.အခုတော့အကောင်ထည်ဖော်ဖို့လမ်းရချေပြီ..
ဘလိုပဲဖြစ်ဖြစ်ဒီနည်းကသာအကောင်းဆုံးဖြစ်သွားနိုင်ပါတယ်.

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now