အိမ်အကူအဒေါ်ကြီးကို.စိတ်ပေါက်ပေါက်နဲ့ အလုပ်မလာခိုင်းခဲ့ပေမယ့် တကယ်တမ်းကျ အိမ်မှာ.ငယ့်ကိုကျွန်တော်မရှိချိန် အဖော်ပြုပေးမယ့်လူ မရှိ.ချက်ချင်းကြီး ပြန်ခေါ်ဖို့ကလည်းနည်းနည်းတော့အဆင်မပြေအလုပ်ကိုခေါ်သွားဖို့ကလည်းငယ်က လိုက်ချင်ပါ့မလား
ကျွန်တော်လည်းလုပ်ငန်းတွေ ချဲ့ထွင်ထားတာမို့ နေသားကျအောင်စီမံနေရတုန်းလေ.သဘောက အလုပ်မဆင်းလို့
မရတဲ့သဘော..အခုတောင် အရေးကြီးMeetingအတွက်.
အမှာစာကရောက်နေပြီငယ်မနိုးခင် မနက်စာအတွက်အစာပြေတခုခု လုပ်ပေးချင်ပေမယ့်ဘာ.နဲ့ဘာကိုဘယ်လို ချက်ရမယ်မသိ
ရေခဲသေတ္တာကြီးကိုလည်းဖွင့်လိုက်ပိတ်လိုက်လုပ်နေတာ
ခနခနမို့ တံခါးတောင်ချောင်ချင်နေပြီရေနွေးအိုးကလည်း ဆူလိုက်ပြန်အေးလိုက်နဲ့အေးတလှည့်နွေးတလှည့်နဲ့ ဘဝပြောင်းနေရတယ် ယိုဗူးကတော့ ကုန်သလောက်ရှိနေပြီဘာချက်ရင်ကောင်းမလဲစဉ်းစားရင်း
ကျွန်တော်ကလော်စားနေလို့လေငယ်နိုးလာမှပေါင်မုန့်ယိုသုတ်စားချင်တယ်
ပြောမှ ပြေးဝယ်နေရအုံးမယ်မီးဖိုဆောင်ဝင်ရတာလည်းမလွယ်ပါလား ဗျာ..အတည်ကိုကျွန်တော်ငြီးငြူနေတာယုံ.အိပ်ခန်းထဲတွင်..
''အွန်း..''
အိပ်ယာရဲ့ဘေးတခြမ်းကိုကြည့်ပြီး အနည်းငယ်ဆူပုတ်သွားတဲ့မျက်နှာနဲ့ saint..ဘာတွေမျှော်လင့်ထားတာကြောင့်လဲ..
''မရှိလည်းကောင်းတာပဲ ''
အလကားမျက်နှာပူတာပဲ
အဖတ်တင်မယ် ညကလည်းတော်ယုံနဲ့အိပ်မပျော်ဘဲမိုးလင်းခါနီးမှအိပ်ပျော်သွားတာမို့ အိပ်ယာထနောက်ကျသွားတယ်လေတီတီ (sms)
💌''သားလေး saint အန်တီပဲ.
အန်တီဒီရက်ပိုင်း အလုပ်ခနနားမလို့
ဒီမနက်အပါအဝင်ပေါ့ သူဌေးကိုတော့ ခွင့်တောင်းပြီးပြီ
သဘောတူပေးလို့ အန်တီအလုပ်နားတယ်နော်''အန်တီ ကအလုပ်နားမယ်ပေါ့လေ
ဒါဆိုဟိုလူကြီးမနက်စာဘာမှ မစားရသေးဘဲအလုပ်သွားလိုက်ရပြီလား.မဖြစ်ဘူး..မြန်မြန်ဆင်းကြည့်မှ
မျက်နှာသစ်သွားတိုက်ကိစ္စကိုတော့အမြန်ဆုံးနည်းနဲ့
ပန်းကန်လုံးပဲစီးလိုက်တော့တယ်
YOU ARE READING
အခ်စ္႐ွိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...