ep30

1K 57 4
                                    

ငယ့် ကိုယ်ဝန်၇လပြည့်ပြီမို့
ကျွန်တော့်အလုပ်တွေအကုန်
နားလိုက်ပြီလေ..စိတ်မချတဲ့
စိတ်ကကြီးထွားလာပြီမလား..
ဆေးရုံကိုရက်ချိန်းပြတဲ့
ရက်တိုင်းကျွန်တော်က
မလိုက်ပေးနိုင်ခဲ့ဘူးလေ
အားနာမိတယ်ဗျာ..

ငယ်ကတော့ပြောရှာပါတယ်
ဒေါ်ဒေါ်ပါတာမို့
စိတ်ပူစရာမလိုဘူးတဲ့လေ
ဒါမယ့်..ငယ့်စိတ်ကိုမှန်းကြည့်ရင်
သိတယ်.သူကျွန်တော်ကို
တကယ်တော့လိုက်စေချင်မှန်း
အဆင်ပြေတယ်ဆိုပြီး
ဟန်ဆောင်နေနေတာလေ
ကျွန်တော့်ရဲ့ငယ်က

အခုတော့.အလုပ်တွေ
နားလိုက်တာမို့ အဆင်ပြေပြီ
ငယ့်နားတစက္ကန့်တောင်
မခွာတော့ဘူးလို့ဆုံးဖြတ်ထားတယ်
အတိုးရောအရင်းပါ
ပေါင်းပြီးဂရုစိုက်ပေးတော့မယ်လေ..

🐇ပါး...ဘာတွေစဉ်းစားနေတာလည်း
(ကုတင်ပေါ်ကကျောပေးထားတဲ့ငယ်က
ကျွန်တော့်ဘက် မျက်နှာလှည့်လာပြီး
ကျွန်တော့်မေးစေ့ကိုလက်ညှိုးနဲ့
တို့ရင်းမေးလာတာပါ)

🐯နိုးပြီလား...
(ငယ့်ပါးအိအိလေးကိုညှစ်ရင်း)

🐇နာတယ်နော်...
(သူ့ပါးသူပွတ်ပြီး
အော်တဲ့ငယ်)

🐯အုံဖွ..(ကျွန်တော့်နှာခေါင်းနဲ့
ပြန်ပွတ်ပေးလိုက်တယ်)
ကိုယ်အသည်းယားသွားလို့

🐇ဟွန့်..
အယ်!!..မေ့နေတာ
ပါး.အလုပ်သွားရအုံးမယ်လား
ထ..အပျင်းမတစ်နဲ့

🐯သွားချင်ဝူး..
(အလုပ်နားဖို့
ငယ့် ကိုမပြောရသေးတာမို့
နည်းနည်း စ လိုက်အုံးမယ်)

🐇အယ်..အဲ့လိုလုပ်လို့မရဘူးလေ
အလုပ်မလုပ်ရင် ဘာနဲ့စားမှာလည်း
ထ..မပျင်းနဲ့ဆို
(ထထိုင်ပြီး.ကျွန်တော့်ကို
ဆွဲထူနေတယ်လေ)

🐯မသွားချင်ဘူး..အားပြတ်နေတယ်

🐇ပါး..နော်
မဟုတ်တာတွေမပြောနဲ့

🐯တကယ်ပါဆို
ကိုယ့်နှုတ်ခမ်းကိုကြည့်
ဖြူပါဖြူနေပြီ...အဲ့တာအားနည်းလို့

🐇ဟုတ်သားပဲ..(ငုံ့ကြည့်လာတဲ့ ငယ်)

🐇အာ..ဘာလုပ်တာလည်း
(ကျွန်တော်ကို.ဆွဲလှဲပစ်တဲ့လူကြီး)

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now