ဒီနေ့ ကျွန်တော့်ရဲ့
အရင်အိမ်ကို ပြန်ဖြစ်ပါတယ်..
သူလည်းအိမ်မှာမရှိနေလောက်တာမို့
လိုအပ်သည့်storeခန်းထဲမှ
ပစ္စည်းများအား ယူရန်အတွက်ပါ..
၁လလောက်ကြာတဲ့အချိန်ရောက်မှ
ဒီအိမ်ကိုခြေဦးလှည့်နိုင်သည်အထိ
အတိတ်ဖြစ်ရပ်ကဆိုးရွားစွာ..
အနည်မထိုင်နိုင်တဲ့စိတ်အစဉ်က
လက်ဖျားခြေဖျားပါအေးစက်လာသည်က
ဒီအိမ်ကြီးထဲကားမောင်းဝင်လာကတည်းကပါ.ရှေ့တပတ်က ကွာရှင်းဖို့
ရုံးတော်ကတဆင့်.အကြောင်းကြားထားပေမယ့်
နှစ်ဦးသဘောတူရှေ့ဆက်မရအောင်ကို
ဘူးခံပြီး.ငြင်းဆန်ထားတဲ့သူကြောင့်
ကွာရှင်းဖို့အဆင်မပြေခဲ့
ပြောရမယ်ဆို.ခုချိန်ထိ
အကြင်လင်မယားဖြစ်တုန်းပဲပေါ့.ကွာရှင်းဖို့ကလည်း.တရားစီရင်ရေး
လူကြီးတွေရဲ့သဘောကျ ရွှေ့ဆိုင်းထားရပေမယ့်
maeနဲ့အန်တီကတော့
တရားဝင်ဖျက်သိမ်းစေချင်တယ်တဲ့
ကွာရှင်းဖို့လည်းရှေ့မဆက်စေချင်ကြဘူး
သားငယ်မျက်နှာကြောင့်.သူ့ကို
အချိန်တခုအထိစောင့်စေချင်တယ်တဲ့လေ.
ကျွန်တော်ဘလိုဆုံးဖြတ်ရမှာလဲ
maeတို့သဘောအတိုင်း
ကွာရှင်းခွင့်တင်ထားတဲ့.ကိစ္စကို
ဖျက်သိမ်းလိုက်ရတော့မည်လား.
ဒီတိုင်းပဲ.ဘာသိဘာသာနေသွားရတော့မှာလား..လွတ်လပ်ချင်လို့ကွာရှင်းမယ်ဆိုတာထက်
မပတ်သတ်ချင်တော့လို့
မဆက်နွှယ်ချင်တော့လို့
ကျွန်တော်နဲ့ကျွန်တော့်သားဘဝထဲ
ထဲထဲဝင်ဝင်ပတ်သတ်လာမှာကို
စိတ်ပူတာကြောင့်မို့ပါ
နောက်တယောက်တွက်နေရာလွတ်အောင်
ရှင်းထားချင်တာလဲမဟုတ်ရပါ.
ဒီတိုင်းလေး.ရှင်းလင်းချင်ပေမယ့်.maeကပါ
တားဆီးနေသည်က မယုံနိုင်စရာပါ..အတွေးတွေကိုနယ်စုံတွေးပြီး
စိတ်နဲ့လူနဲ့ဆွဲကပ်လိုက်တော့မှ
အိမ်ပေါ်ထပ်ကိုတောင်
ရောက်ခဲ့ပြီပဲ..နှစ်ယောက်အတူနေခဲ့တဲ့
အခန်းဟောင်းရဲ့အလယ်ကိုပါ
ရောက်မှန်းမသိရောက်နေပြန်တာက
စိတ်ရဲစေစားရာကဒီနေရာတဲ့လား
အဟက်..နှလုံးသားကလုပ်လိုက်ရင်
တလွဲချည်းပဲဗျာ..တခန်းလုံးဝေ့ဝိုက်ကြည့်မှ
၁လတာကင်းကွာခဲ့တာနဲ့မတူ
ခုထွက်ပြီးခုပြန်ဝင်လာခဲ့သလို
အရာရာတိုင်းက အဲ့နေ့နဲ့မခြား..
တသားတည်းတထေရာတည်းပင်
ရှုပ်ပွပွေလီနေတဲ့အခန်းတွင်း
ပစ္စည်းတွေရဲ့အနေအထားကြောင့်
ကျွန်တော်တကယ်ပြင်းထန်ခဲ့ပါလား.
(perth ပါ ပါဝင်အားဖြည့်
ထားသည်ကိုမှ သူမသိရှာပဲ
အဲ့နေက perthတယောက်လည်း
အရူးတယောက်လို့မြင်မြင်သမျှ
ဆွဲယမ်းလုပ်ပစ်ခဲ့သေးသည်မို့)
YOU ARE READING
အချစ်ရှိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...